ဗုံးကြောင့် တောင်ကြီး တန်ဆောင်တိုင်အတွက် စိုးရိမ်

Image caption အခင်း ဖြစ်တဲ့ ပတ်ဝန်းကျင် တွေမှာတော့ စစ်သား တွေ လုံခြုံရေး ယူထား

တောင်ကြီး မြို့မှာ စနေနေ့ ညက ပေါက်ကွဲ ခဲ့တဲ့ ဗုံး သုံးလုံးကြောင့် မြို့ခံတွေ ထိတ်လန့် နေကြ သလို နာမည်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲကို ထိခိုက် မှာ စိုးရိမ် နေကြ ပါတယ်။

တောင်ကြီးမြို့ အဝင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့ ဘတ်စကား မှတ်တိုင်နဲ့ တောင်ကြီးမြို့ အထွက် ၂၁၂ ဆက်သွယ်ရေး တပ် ဝင်ပေါက် အနား ပေါက်ကွဲ ခဲ့တဲ့ ဗုံးတွေ ကြောင့် မြို့ခံတွေ ထိတ်လန့် နေကြ တာပါ။

ဗုံးပေါက်ကွဲ မှုနဲ့ ပတ်သက်ပြီး လောလောဆယ် စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ် နေပြီး၊ ဘာမှ ကောက်ချက် မချနိုင် သေးဘူး လို့ ပြည်ထဲရေး ဝန်ကြီး ဌာနရဲ့ ပြောရေး ဆိုခွင့် ရှိသူ ရဲမှူးချုပ် ဝင်းခေါင် ကပြောပါတယ်။

အခု အချိန် မှာတော့ တောင်ကြီး မြို့ထဲ လူမြင် ကွင်းမှာ လုံခြုံရေး ချထားတာ မတွေ့ရ ပေမယ့် အခင်း ဖြစ်တဲ့ ပတ်ဝန်းကျင် တွေမှာတော့ စစ်သား တွေ လုံခြုံရေး ယူထား တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းရဲ့ တောင်ကြီး တာဝန်ခံ ကျူရှင် ဆရာ ဦးနေမျိုးက ပြောပြ ပါတယ်။

လတ်တလော ရှမ်းပြည်နယ် ကျေးသီး၊ မိုင်းရယ်နဲ့ ကျောက်မဲ မြို့နယ် တဝိုက်မှာ ရှမ်းပြည် တပ်မတော်နဲ့ အစိုးရ စစ်တပ် တိုက် ပွဲတွေ ပြင်းထန် နေလို့ ဒေသခံ တွေ စိုးရိမ် နေရ ချိန်မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ တောင်ကြီး မြို့မှာ ခုလို ဗုံးတွေ ဆက်တိုက် ကွဲခဲ့ တာကြောင့် ဒေသခံ တွေရဲ့ စိုးရိမ်မှုက တပူပေါ် နှစ်ပူ ဆင့် ဆိုသလို ဖြစ်နေ ကြရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ