ကမ္ဘာ့ဘဏ်၊ သြစတြေလျ မှ မြန်မာ့ပညာရေးကူငွေ

_bbc_304x171
Image caption သြစတြေလျ နဲ့ကမ္ဘာ့ဘဏ် မှ ပညာရေးကူငွေ

ကမ္ဘာ့ဘဏ် က အမေရိကန် ဒေါ်လာ သန်းဂဝ နဲ့ သြစတြေလျ က ဒေါ်လာ သန်း၂ဝ၊ စုစုပေါင်း ဒေါ်လာ သန်း၁ဝဝ၊ ပညာရေး စီမံကိန်း ကို မြန်မာနိုင်ငံ မှာ ဒီနှစ်ထဲ စတင်တော့ မှာ ဖြစ်ပါတယ်။ စီမံချက် အနေနဲ့တော့ ၂၀၁၄၊ ၂၀၁၅ ပညာသင်နှစ် မှာ စတင်ပြီး ၂ဝ၁၆ ခု အထိ ရည်ရွယ်ထားတာပါ။

မြန်မာနိုင်ငံ က စာသင်ကျောင်းတွေ အတွက် အကောင်အထည် ဖေါ်ပေးမဲ့ စီမံချက်ဟာ စာသင်ကျောင်းတွေ ရဲ့ အသုံးစရိတ်၊ ကို ထောက်ပံ့ခြင်း၊ ပညာသင် ထောက်ပံ့ကြေး ပေးတာ ရယ်လို့ အပိုင်း နှစ်ပိုင်း ပါဝင် ပါတယ်။ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁ဝဝ ကို အစိုးရ ပညာရေး ဝန်ကြီးဌာန က စီမံ အကောင်အထည် ဖေါ်သွားမှာပါ။

ကမ္ဘာ့ဘဏ် က ချေးငွေ ကို နှစ်၄၀ အတွင်း ပြန်ဆပ်ရမဲ့ နှစ်ရှည် အတိုးမဲ့ ချေးငွေ ဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေး အနေနဲ့ မြို့နယ် ၄၀ မှာ ဆောင်ရွက်ဖို့ စီစဉ် ထားရာမှာ ကျောင်းထွက်နှုန်း များတဲ့ နေရာ ကို ရွေးထာကြောင်း သိရပါတယ်။

ဒီထောက်ပံ့ငွေ ကို အကောင်အထည် ဖေါ် သုံးစွဲရာမှာ၊ အောင်မြင်မှု ရှိမရှိ ကြီးကြပ်ရာမှာ၊ ရလာဒ် ကို ကြည့်ပြီး ရံပုံငွေ ပေးမဲ့ အကြောင်း၊ ဒါ့အပြင် ကမ္ဘာ့ဘဏ်ရယ်၊ သြစတြေလျ အစိုးရ ရယ်၊ မြန်မာနိုင်ငံ ပညာရေး ဝန်ထမ်းတွေ အပြင်၊ ပြင်ပ လူမှု အဖွဲ့အစည်း တွေ ကိုပါ ကြည့်ရှု လေ့လာဖို့ ဖိတ်ခေါ် ထားကြောင်း၊ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေး အရာရှိ ဦးကျော်စိုးလင်း က ဘီဘီစီ ကို ရှင်းပြပါတယ်။