ကိုစိုးမင်း အသတ်ခံရမှု ၄ ဦးကို ထောင် ၁၀ နှစ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption မန္တလေး ပဋိပက္ခ ဖြစ်အပြီး ညမထွက်ရ အမိန့် ထုတ်ခဲ့

ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အတွင်း အစ္စလာမ် ဘာသာဝင် ကိုစိုးမင်းကို သတ်ဖြတ် ခဲ့မှုနဲ့ ဖမ်းဆီး ခံထားရသူ လူငယ် ၄ ယောက်ကို မန္တလေး ခရိုင် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် လိုက်ပါတယ်။

ဒီကနေ့ ပြစ်ဒဏ် ချမှတ် ခံကြရတဲ့ ကိုကျော်ဇင်ထက်၊ ကိုဉာဏ်ဌေး၊ ကိုဖိုးဇော်နဲ့ ကိုဇင်မင်းထွန်း တို့ဟာ ပုဒ်မ ၃၀၂ (၂)/ ၁၁၄ နဲ့ တရား စွဲဆို ခံခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့ မိသားစု ကတော့ အဆင့်ဆင့် အယူခံ ဆက်ဝင် သွားမယ်လို့ ပြောပါတယ်။

အဲဒီ ပဋိပက္ခ အတွင်းမှာပဲ ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းကို သတ်ဖြတ်မှု အတွက် ဖမ်းဆီး ခံထားရသူ တွေရဲ့ အမှုကိုတော့ စုံစမ်း စစ်ဆေးတုန်း ဖြစ်တယ်လို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ