စစ်တပ်နဲ့ စာနယ်ဇင်းကောင်စီတို့ ပူးပေါင်း ဆောင်ရွက်မယ်

အစည်းအဝေး အပြီးမှာတော့ တပ်မတော်နဲ့ပတ်သက်လို့ လူထုသိသင့် သိထိုက်တဲ့ သတင်းတွေကို စာနယ်ဇင်းကောင်စီနဲ့ ကာကွယ်ရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဌာနတို့ ပူးပေါင်း ထုတ်ပြန်သွားမယ်လို့ သဘောတူခဲ့ကြောင်း စာနယ်ဇင်းကောင်စီ ယာယီ အတွင်းရေးမှူး ဉီးကျော်မင်းဆွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ သဘောထားရပ်တည်ချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးကတော့ အရင်အတိုင်း မယိုင်မလဲ ခိုင်မြဲပြီး ဒီအတိုင်းဆက်သွားမယ်လို့ လို့ စစ်တပ်ရဲ့ သဘောထားကို ထုတ်ပြန်ကြောင်းလည်း သိရပါတယ်။

ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပထမ အကြိမ်အဖြစ် ၃နာရီကျော် ဆွေးနွေးမှုဟာ အပြုသဘောဆောင်တယ်လို့ စာနယ်ဇင်း ကောင်စီဘက်ကပြောပါတယ်။

အခုလိုတပ်မတော်ဘက်က အဆင့်တဆင့် ပြောင်းလဲလာပြီးမီဒီယာတွေကို ဆက်ဆံလာတာ ကောင်းမွန်ပေမဲ့ တပ်မတော်ဟာ ဘယ်လောက်အထိ ပြောင်းလဲလာမယ်ဆိုတာ ခန့်မှန်းရခက်တဲ့အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီဘက်ကပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ