ပြည်တွင်း ငြိမ်းချမ်းရေးအတွက် သဘောထား ကြီးဖို့လို

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင် ဂွန်ဂျာ
Image caption ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင် ဂွန်ဂျာ

မြောက်ပိုင်း အိုင်ယာလန် ပြဿနာ နဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပ ဋိပက္ခဟာ တူတာရှိသလို မတူတာရှိကြောင်း အထူးသဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူတွေက အာဏာပိုင်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး သူတို့ဆီမှာကြတော့ အချင်းချင်းသဘောထား ကွဲနေတာဖြစ် ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကိုပြောပါတယ်။

တူတဲ့ အချက်တွေကတော့ ပြဿနာ ဖြေရှင်းရာမှာ ရေရှည်မှာအချိန်ယူပြီး ညှိနှိုင်းဆောင်ရွက်ရမယ် ဆိုတာကိုလေ့လာ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိပြည်တွင်းမှာ တင်းမာမှုတွေ တိုက်ပွဲတွေဆက်ဖြစ်နေတာ ငြိမ်းချမ်းရေးအတွက် ထိခိုက်နိုင်ကြောင်း အစိုးရအနေနဲ့ မိဘသဖွယ် သဘောထားကြီးပြီး စိတ်ရှည်စွာ မတူတာတွေကို အချိန်ယူညှိဖို့လိုတယ်လို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်အရေးနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ ယူကေနိုင်ငံကို ရောက်လာပြီး အရင်တုန်းက ဗြိတိန်အစိုးရနဲ့ မြောက်ပိုင်းအိုင်ယာလန်တို့ကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လာရောက် လေ့လာ နေကြတာဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ Technical Team က ကိုယ်စားလှယ်တွေ၊ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ PCG က ကိုယ်စားလှယ်တွေနဲ့ တခြားအရပ်ဖက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

ဒီ ၉ ရက်ကြာ ခရီးစဉ်ကို ယူကေမှာရှိတဲ့ ကြားဝင် ညှိနှိုင်းစေ့စပ်ရေး ဆိုင်ရာ NGO အဖွဲ့တစ်ခုဖြစ်တဲ့ Inter Mediate အဖွဲ့က စီစဉ်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ