မြန်မာ ဘောလုံး အဖွဲ့ချုပ် ဒဏ်ရိုက်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ပွဲအပြီး မြန်မာ ပရိသတ်တွေ ကွင်းထဲ ဝင်လာစဉ်

မြန်မာ နိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတဲ့ အသက် ၁၉ နှစ်အောက် အာရှ လူငယ် ဘောလုံး ပြိုင်ပွဲ U19 ပွဲမှာ မြန်မာ ပရိသတ်တွေ ကွင်းထဲကို ဝင်ရောက် လာတဲ့ လုံခြုံရေး ချိုးဖောက်မှု အတွက် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ဒဏ်ကြေးငွေ အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဒဏ်ကြေးငွေ အဖြစ် ဒေါ်လာ နှစ်သောင်း လေးထောင် ပေးဆောင်ဖို့နဲ့ ၂ နှစ်အတွင်း အိမ်ရှင် အဖြစ် ကျင်းပမယ့် နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ တစ်ပွဲကို ပရိသတ် မပါဘဲ ကစားဖို့ ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ် အရေးယူခဲ့ ပါတယ်။

ဒီကနေ့တနင်္လာနေ့မှာ ကာတာ အသင်းနဲ့ ကစားမယ့် ဆီမီးဖိုင်နယ် ပွဲမှာလည်း ပရိသတ်တွေက ထပ်မံ စည်းကမ်း ချိုးဖောက်မယ် ဆိုရင် ဗိုလ်လုပွဲမှာ ပရိသတ် မပါဘဲ ကစားရမယ့် အပြင် နောက်ထပ် ပြစ်ဒဏ်တွေ ကိုလည်း ချမှတ် ခံရမယ်လို့ သတိပေး ထားကြောင်း မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ တုန်းကလည်း ရုရှားမှာ ကန်မယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အိုမန်နဲ့ မြန်မာ ကန်တဲ့ ပွဲမှာ မြန်မာ ပရိတ်သတ်တွေက ရေဗူးတွေ၊ ခဲတွေနဲ့ ကွင်းထဲကို ပစ်ပေါက် ခဲ့တဲ့ အတွက် ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်က မြန်မာနိုင်ငံကို ဒေါ်လာ သုံးသောင်း နီးပါး ဒဏ်ရိုက်ပြီး ခြေစစ်ပွဲ ကစားခွင့် ပိတ်ပင် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ