ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး ပင်လယ်ဘက် ထွက်နေကြတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့က ပြော

_rahine_conflict_ ဓာတ်ပုံ မူပိုင် Reuters
Image caption RSO အဖွဲ့နဲ့ ဆက်စပ်တဲ့ လူတွေဆိုပြီး ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား ခံနေရကြောင်း အာရ်ကန် ပရောဂျက် အဖွဲ့က ဝေဖန်ထားပါတယ်။

အခု သီတင်းပတ် တွေထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဘက်က ရိုဟင်ဂျာတွေ ဟာ သောင်းနဲ့ချီ ပြီး ရေလမ်းကနေ တဆင့် ထွက်လာ နေတယ်လို့ ရခိုင် ပြည်နယ်တွင်း လူ့ အခွင့်အရေး ချိုးဖောက် မှုတွေကို စောင့်ကြည့် လေ့လာတဲ့ အဖွဲ့ Arakan project က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သူတို့ဟာ လှေတွေနဲ့ ထွက်ကြတာ ဖြစ်ပြီး၊ ဒီလို အများအပြား ထွက်နေတာ ဟာ အရင် နှစ်တွေ နဲ့ နှိုင်းစာရင် ထွက်လာတဲ့ နှုန်း ပိုများလာတဲ့ စိုးရိမ်စရာ အခြေအနေ ဆိုပြီး Arakan project ရဲ့ ဒါရိုက်တာ ခရစ် လယ်ဝါး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ က ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ RSO ကို နှိမ်နှင်းဖို့ အတွက်လို့ ဆိုပြီး ရိုဟင်ဂျာ တွေကို ပစ်မှတ်ထား ဖမ်းဆီး ဖိနှိပ်မှုတွေ လုပ်နေတာ တွေကြောင့် အခုလို လှေနဲ့ စွန့်ခွာ ထွက်ပြေး နေကြတာ ဖြစ်နိုင်ကြောင်း လည်း မစ္စတာ လယ်ဝါးက သူ့ ယူဆချက် ကို ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ် အစိုးရ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင် ကတော့ RSO နဲ့ ပတ်သက်တယ် ဆိုပြီး လူတွေ ဖမ်းဆီး တာလည်း မရှိသလို၊ Arakan project က ထုတ်ပြန်သလို လူတွေ အများကြီး ရခိုင် က ထွက်နေတယ် ဆိုတာလည်း မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ