အမေရိကန် သံအမတ် ကချင် ခရီးစဉ်

ဓာတ်ပုံ မူပိုင် us embassy
Image caption အစိုးရ စစ်တပ် အရာရှိ တွေရဲ့ စိတ် သဘော ထား ပြောင်းမှ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်နိုင်မယ်

မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်ခ် မစ်ချဲလ် ဟာ မကြာခင် မြန်မာ နိုင်ငံကို လာရောက် တော့မယ့် သမ္မတ အိုဘာမား ခရီးစဉ် အတွက် ကချင် ပြည်နယ်ကို သွားရောက်ပြီး အဲဒီက အခြေ အနေနဲ့ ဒေသခံ တွေရဲ့ သဘောထား တွေကို သွားရောက် ရယူခဲ့ ပါတယ်။

နောက်ပြီး ပြည်တွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး နေရတဲ့ အိုင်ဒီပီ ဒုက္ခသည်တွေ ဆီလည်း သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ကချင် ပြည်နယ် ခရီးစဉ် အတွင်း အဓိက တွေ့ဆုံ ဆွေးနွေး ခွင့်ရ သူတွေ ထဲက တဦး ဖြစ်တဲ့ ကချင် လူမှု အဖွဲ့ အစည်းတွေ ထဲက အမျိုးသ မီး ရေးရာ ဦးဆောင် သူ ဒေါ်ဂျာဆိုင်းခွန်က အမျိုး သမီး တွေ အခွင့် အရေး ချိုးဖေါက် ခံနေ ရတာ တွေကိုလည်း တင်ပြခဲ့ တယ်လို ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ဆွေးနွေး မှုတွေ အဆင် မပြေ ဖြစ်နေရ တာကို စိုးရိမ်ကြောင်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဒဲရစ်ချ် မစ်ချဲလ် ဘက်ကတော့၊ မြန်မာ အစိုးရ စစ်တပ် အရာရှိ တွေရဲ့ စိတ်နေ သဘော ထား ပြောင်းလဲ မှသာ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ တိုးတက် မှု ရှိလာ နိုင်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ ဒေါ်ဂျာဆိုင်းခွန် က ဘီဘီစီကို ပြန်ပြော ပြပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တဲ့ အခါမှာလည်း ဒီကိစ္စကို ပြောဆို ခဲ့တာတွေ ရှိကြောင်း ဒဲရစ်ခ် မစ်ချဲလ်က ပြောပါတယ်။

နောက်ပြီး မြန်မာ အစိုးရ စစ်တပ်နဲ့ အမေရိကန် စစ်တပ် အကြား ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်ဖို့ အစီ အစဉ် ဟာလည်း မြန်မာ စစ်တပ်ကို စစ်ဓာတ် ရေးရာ အရ မြှင့်တင် ဆောင်ရွက် ပေးဖို့ ရည်ရွယ် တာလို့ မစ္စတာ မစ်ချဲလ်က ရှင်းပြ ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ