KNU နဲ့ UNFC ဆက်လက် ညှိနှိုင်းမယ်

Image caption တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ကိစ္စ တွေကို တော့ ထိခိုက်မှာ မဟုတ်

ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ ဗဟို ကော်မတီ အစည်း အဝေး ကနေ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်က ယာယီ ရပ်ဆိုင်း ထားတဲ့ ကိစ္စကို ဆက်ပြီး ဒီအတိုင်း ထား ရှိသွား ဖို့ကို ဆုံးဖြတ်လိုက် ပါတယ်။

ဒါပေမယ့် လည်း တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်တဲ့ UNFC နဲ့ ညှိနှိုင်း မှုတွေ တော့ ဆက်လုပ် သွားမယ်လို့ KNU ရဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြ ထား ပါတယ်။

UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ကတော့ KNU အတွင်းမှာ သဘောထား ကွဲလွဲ တာတွေ ရှိတဲ့ အတွက်အခြေ အနေ တွေကို ထိန်းဖို့ အခုလို ဆုံးဖြတ် ရတယ်လို့ နားလည်ကြောင်း ပြောပါတယ်။

KNU ဟာ လက်ရှိ UNFC ရဲ့ ဖွဲ့စည်းပုံ ကို ပြင်ဆင်ပြီး၊ ဗဟို ချုပ်ကိုင်မှု နည်းတဲ့ ခပ် လျော့လျော့ တပ်ပေါင်းစု ပုံစံမျိုး လုပ်ချင် တာ ဖြစ်တဲ့ အတွက် UNFC နဲ့ သဘော ထား ကွဲလွဲ နေရတာ ဖြစ်တယ် လို့လည်း နိုင်ငံသာ က ပြောပါတယ်။

ဒါပေမယ့်လည်း ညှိနှိုင်း မှုတွေ ကနေ၊ လက်တွဲ နိုင်သလောက် လက်တွဲ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သူက ပြောပါ တယ်။

NCCT နဲ့ အစိုးရ အကြား ဆွေးနွေး နေတဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ကိစ္စ တွေကို တော့ ထိခိုက်မှာ မဟုတ်ဘူး လို့လည်း နိုင်ဟံသာက ပြောပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ