NLD နဲ့ တိုင်းရင်းသား ပါတီတွေ မဟာမိတ်ဖွဲ့ဖို့ သဘောတူ

ဓာတ်ပုံ မူပိုင် b
Image caption NLD ဟာ တိုင်းရင်းသား ပါတီ ၁၂ ခုနဲ့ ဖွဲ့စည်း ထားတဲ့ UNA နဲ့ လည်း မဟာမိတ် ဖွဲ့ထား ပြီး ဖြစ်ပါတယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) နဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ အဖွဲ့ပေါင်း (၁၀)ဖွဲ့ ပူးပေါင်း ပြီး တိုင်းရင်းသား မဟာမိတ် ပါတီများ လုပ်ငန်း အဖွဲ့ (EAPP) အဖြစ် ဖွဲ့စည်းဖို့ မူအရ သဘောတူ လိုက်ပါတယ်။

ရှမ်း အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် အမျိုးသား ပါတီ၊ ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ တိုင်းရင်းသား ပါတီ တွေ ပါဝင်တဲ့ EAPP မဟာမိတ် အဖွဲ့ဟာ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင် ဖို့ နဲ့ နိုင်ငံရေး ပါတီ အချင်းချင်း ပူးပေါင်း ဆောင်ရွက် ဖို့ တွေကို အဓိကထား ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟာ တိုင်းရင်းသား ပါတီ (၁၂)ခုနဲ့ ဖွဲ့စည်း ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ အဖွဲ့ UNA နဲ့ လည်း မဟာမိတ် ဖွဲ့ထား ပြီး ဖြစ်ပါတယ်။

အခု အသစ် ထပ်ဖွဲ့တဲ့ မဟာမိတ် အဖွဲ့မှာ UNA က တိုင်းရင်းသား ပါတီ (၇)ခု နဲ့ အခြား တိုင်းရင်းသား ပါတီ (၃) ခု ပါဝင်မှာ ဖြစ်ပြီး ဒီ အဖွဲ့မှာ စည်းမျဉ်း စည်းကမ်း အသစ်တွေ နဲ့ ခိုင်မာတဲ့ မဟာမိတ် လုပ်ငန်း စဉ်တွေ ချမှတ် သွားမယ်လို့ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဒီလို ခိုင်မာတဲ့ မဟာမိတ် ဖွဲ့ဖို့ မူအရ သဘောတူ လိုက်ပြီး ဖြစ်ပေမယ့် EAPP မှာ တကယ်တမ်း အဖွဲ့ဝင် ဖြစ်လာဖို့ ကိုတော့ နိုဝင်ဘာ လလယ် လောက် ကျမှ အတည်ပြု ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

စည်းမျဉ်း စည်းကမ်းတွေ အရ ဒီပါတီ တွေဟာ တခြား အဖွဲ့တွေမှာ မပါဝင်ရဘူး ဆိုတော့ သူတို့ တွေဟာ သက်ဆိုင်ရာ ပါတီ တွေမှာ ဒီကိစ္စကို ဆွေးနွေး ရအုံးမှာ ဖြစ်ပါတယ်။

လောလောဆယ် ပြည်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဦးဆောင်ပြီး နိုင်ငံရေးပါတီ (၁၁)ခု နဲ့ ဖွဲ့ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP ရဲ့ တိုင်းရင်းသား ပါတီ (၂၀)နဲ့ ဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ဆိုပြီး တိုင်းရင်းသား ပါတီတွေနဲ့ ဖွဲ့ထားတဲ့ မဟာမိတ် နိုင်ငံရေး အဖွဲ့တွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ