အကြမ်းဖက် ဖေါက်ခွဲမယ့်သူ ၄ ဦးကို ရှမ်းပြည်နယ်မှာ ဖမ်းဆီးမိ

ဓာတ်ပုံ မူပိုင် google
Image caption သိန္နီ ကနေ ကွတ်ခိုင် သွားတဲ့ ဂိတ် တခုမှာ ဖမ်းဆီး မိခဲ့ တာ ဖြစ်ပါတယ်

မြန်မာ နိုင်ငံမှာ အကြမ်းဖက် ဖေါက်ခွဲမှု တွေ လုပ်ဖို့ သံသယ ရှိသူ ၄ ဦးကို ရှမ်းပြည် မြောက်ပိုင်း သိန္နီ မြို့မှာ ဖမ်းဆီး ရမိ ခဲ့တယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ပြောပါတယ်။

မကြာသေးခင်က ဖမ်းဆီးမိ ခဲ့တဲ့ ဒီလူတွေဟာ မူဂျာဟစ်ဒင် အဖွဲ့နဲ့ ဆက်စပ် နေတယ် သူတွေ ဖြစ်ပြီး သူတို့ ကို သိန္နီ ကနေ ကွတ်ခိုင် သွားတဲ့ ဂိတ် တခုမှာ ဖမ်းဆီး မိခဲ့ တာလို့ မြန်မာ နိုင်ငံ ရဲဦးစီး အရာရှိ ချုပ် ရဲမှူးချုပ် ဝင်းခေါင်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ တရား မဝင် အခြေစိုက် တဲ့ မူဂျာဟစ်ဒင် အဖွဲ့ ကနေ လူသစ် စုစောင်း ထားသူတွေ ဖြစ်ပြီး၊ သူတို့ဟာ မြဝတီ ဘက် တောတွင်း တနေ ရာမှာ အကြမ်းဖက် သင်တန်းတွေ တက်လာ ခဲ့တာလို့ ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။

အားလုံးဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်ကြပြီး၊ အကြမ်းဖက် မှုတွေ ဖေါက်ခွဲ မှုတွေ လုပ်ဖို့ သင်တန်းတွေ တက်လာ ခဲ့တယ် ဆိုတာကို ဒီ ၄ ဦးက ဝန်ခံ တယ်လို့ လည်း ရဲမှူးချုပ်က ပြောပါတယ်။

မကြာသေး ခင်က မော်လမြိုင်မှာ ဓာတ်ပုံ တွေနဲ့ တကွ ထုတ်ပြန် ထားခဲ့တဲ့ အကြမ်းဖက် ဖေါက်ခွဲ ဖို့ ကြံစည်သူ ၄ ဦး နဲ့ အခု ဖမ်းဆီးမိ သူတွေဟာ ဆက်စပ်မှု ရှိမရှိ ကိုတော့ အတည် ပြုနိုင်ခြင်း မရှိသေး ဘူးလို့လည်း ရဲမှူးချုပ်က ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ