ကက်သလစ်သာသနာ နှစ် ၅ဝဝ ပြည့် ကျင်းပ

catholic
Image caption ပုပ်ရဟန်း မင်းကြီး ရဲ့ ကိုယ်စားလှယ် ကြွလာ

မြန်မာ နိုင်ငံ ထဲကို ရိုမန် ကက်သလစ် သာသနာ ရောက်ရှိတဲ့ အနှစ် (၅ဝဝ) ပြည့် အခမ်းအနား ကို ရန်ကုန်မှာ ရှိတဲ့ စိန့်မေရီ ဘုရားရှိခိုး ကျောင်းမှာ (၃) ရက်ကြာ ကျင်းပ နေပါတယ်။

ဒီအခမ်းအနား ကို ရိုမန် ကက်သလစ် ဘာသာ က အကြီးအကဲ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ် ရဲ့ ကိုယ်စားလှယ် အာရှ ကက်သလစ် ဆရာတော် တွေရဲ့ ဆရာတော်ကြီး ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ကက်သလစ် သာသနာ ရောက်ရှိ တဲ့ နှစ်ပေါင်း (၅ဝဝ) ပြည့် အခမ်းအနား ကို ရိုမန် ကက်သလစ် ဆရာတော်ကြီးတွေ ဘုန်းတော်ကြီး တွေ အပြင် တနိုင်ငံလုံးက ကက်သလစ် ဘာသာဝင်တွေ ထောင် သောင်းချီ ပြီး တက်ရောက် နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာတော့ ဒီလို ကြီးကျယ်တဲ့ ဘာသာရေးပွဲတော်ကို ပထမဆုံး ကျင်းပ ခွင့်ရတာပါ။

ရိုမန် ကက်သလစ် သာသနာ ဟာ မြန်မာနိုင်ငံကို ၁၅၁၁ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့ တာဖြစ်ပြီး အခုကျမှ အနှစ်(၅ဝဝ) ပြည့် ပွဲတော်ကို လွတ်လွတ် လပ်လပ် ကျင်းပခွင့် ရတယ်လို့ ပွဲတော် ကျင်းပရေး ကော်မတီ က တာဝန်ခံ ဘုန်းတော်ကြီး ဂျိုးဇက်က ပြောပါတယ်။

လောလောဆယ် မြန်မာ နိုင်ငံမှာ ရိုမန်ကက်သလစ် ဘာသာဝင် (၇)သိန်း ရှိပါတယ် ။

အခမ်းအနား နောက်ဆုံးနေ့ တနင်္ဂနွေနေ့ မှာတော့ သုဝဏ္ဏ လေ့ကျင့်ရေး ကွင်း မြက်ခင်းပြင် မှာ ဘာသာဝင် တွေက ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်မှာ ဖြစ်ပြီး ဒီပွဲကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ သာသနာရေး ဝန်ကြီး တို့ အပြင် ဘာသာပေါင်းစုံ အကြီးအကဲတွေ လည်း တက်ရောက် မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ