နော်ဝေဘုရင်နဲ့ မိဖုရား ချစ်ကြည်ရေး ခရီး အဖြစ် မြန်မာနိုင်ငံကို လာရောက်

norway_king_
Image caption နော်ဝေဟာ မြန်မာ့ ဒီမိုကရေစီရေးမှာ အစဉ်တစိုက် အားပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံ ရဲ့ ပဉ္စမမြောက် ဟာရားလ် ဘုရင် နဲ့ မိဖုရား ဆွန်ယာ တို့ သမ္မတ ဦးသိန်းစိန် ရဲ့ ဖိတ်ကြားချက် နဲ့ မြန်မာနိုင်ငံ ကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဆိုက်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ အရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ မှာ နော်ဝေ နိုင်ငံ အနေနဲ့ အစဉ်တစိုက် အားပေး ကူညီ မှုတွေ ရှိခဲ့ပြီး၊ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့ ကန့်သတ် မှုတွေကို ဥရောပ နိုင်ငံတွေ ထဲမှာ နော်ဝေက ပထမဆုံး ဖြေလျှော့ ပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

၂ နိုင်ငံ အကြား ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာ အဖြစ်၊ ၂၀၁၂ ခုနှစ် ထဲမှာပဲ အဲဒီ့ အချိန်က နော်ဝေ ဝန်ကြီးချူပ် ယဲန်စ် စတောလ်တင်းဘာ့ဂ် မြန်မာပြည်ကို လာရောက်ခဲ့ပြီး၊ ရန်ကုန်မှာ နော်ဝေ သံရုံးလည်း ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် လည်း ဒီနှစ် အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဥရောပ ခရီးစဉ်ထဲမှာ နော်ဝေ နိုင်ငံကို ဝင်ရောက် ခဲ့ပါတယ်။

အခု နော်ဝေ ဘုရင်ရဲ့ ခရီးစဉ်မှာ အစိုးရ ဝန်ကြီးတွေနဲ့ အတူ၊ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့လည်း ပါဝင် လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ