သံတော်ဆင့်က သတင်းထောက် နောက်တစ်ဦး တရားစွဲခံရပြန်ပြီ

myanmar_herald_journal_ ဓာတ်ပုံ မူပိုင် myanmar Herald
Image caption မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သုံးပြီး သတင်းသမားတွေ ကို တရားစွဲဆို။

ဒေသခံ ရဲတပ်ဖွဲ့ ရဲ့ လာဘ်ပေး လာဘ်ယူမှု အကြောင်းကို ရေးသားတဲ့ သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းထောက် ကို လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့ က တရားစွဲဆို လိုက်တယ် ဆိုပြီး သံတော်ဆင့် ဂျာနယ်က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ကိုအံ့ခေါင်မင်း က ဘီဘီစီ ကို ပြောပါတယ်။

လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာ ကို တမင် ထိခိုက်အောင် ရေးသားမှု ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ စွဲဆို လိုက်တာပါ။

သံတော်ဆင့် ဂျာနယ် ရဲ့ အယ်ဒီတာ အစ ဖြန့်ဝေသူ အထိ စုစုပေါင်း ၁၁ ယောက်လည်း သမ္မတကို အကြည်အညို ပျက်အောင် ရေးသားခဲ့လို့ ဆိုပြီး အဲ့ဒီ့ မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ပဲ တရား ဆိုင်နေရဆဲ အချိန်မှာ၊ အခုလို သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းသမား နောက်ထပ် တစ်ဦး ထပ်မံ တရားစွဲ ခံလိုက်ရတာ ဖြစ်ပါတယ်။

ထုံးတမ်းစဉ်လာ အရ သတင်းစာ ဂျာနယ်တွေပါ ရေးသားမှုတွေ အရ တာဝန်ခံ အယ်ဒီတာ နဲ့ ထုတ်ဝေသူကိုသာ တရားစွဲကြလေ့ ရှိပေမယ့်၊ အခု အသွင်ပြောင်း အစိုးရသစ် လက်ထက်မှာ အတည် ပြုထားတဲ့ မီဒီယာ ဥပဒေ အရတော့ ရေးသားသူ ဖြန့်ဝေသူတွေက အစ တရားစွဲခံနေရတဲ့ အခြေအနေမျိုး ဖြစ်တယ် လို့ မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ ရှေ့နေဖြစ်သူ ဦးဇော်လင်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ