ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေ

_tnla ဓာတ်ပုံ မူပိုင် tnla
Image caption အစိုးရ တပ်တွေက နယ်မြေစိုးမိုးရေး အတွက် ထိုးစစ်စင်နေတယ် ဆိုပြီး TNLA က ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်းမှာ ဒေသခံ တအောင်း လက်နက်ကိုင် တွေ နဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် နေခဲ့တာမှာ ၁၃ ရက်နေ့ စနေနေ့ တုန်းကလည်း တအာင်း ပလောင် လွတ်မြောက်ရေး တပ် TNLA အပါအဝင် ကချင် လက်နက်ကိုင် KIA နဲ့ မုန်းလား ကိုးကန့် တပ် MNDAA တပ်ပေါင်း စုတွေနဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွား ခဲ့ပါတယ်။

ဒီဇင်ဘာလ ထဲမှာ အခုလို ရင်ဆိုင် တိုက်ပွဲတွေဟာ ၈ ရက်နေ့က စပြီး မိုင်းတုန်၊ နမ့်ဆမ်နဲ့ တာမိုးညဲတို့လို ရှမ်းပြည် မြောက်ပိုင်း နေရာအနှံ့၊ ဆက်တိုက် သလို ဖြစ်ပေါ် နေတယ် ဆိုပြီး TNLA ဥက္ကဌ ဗိုလ်မှူးချုပ် တာအိုက်ဖုန်း က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ တပ်တွေဟာ တိုင်းရင်းသား ဒေသတွေထဲ နယ်မြေ စိုးမိုးရေး အတွက် စစ်ဆင်ရေးတွေ လုပ်ဆောင် လာနေတဲ့ အတွက် အခုလို ဒေသခံ လက်နက်ကိုင် တွေနဲ့ ထိတွေ့မှု တွေ ဖြစ်နေရတာ လို့လည်း ဗိုလ်မှူးချုပ် တာအိုက်ဖုန်း က ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်ရပ် သဘောတူမှု ရဖို့ အစိုးရနဲ့ အကြား ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ စုပေါင်း အဖွဲ့ NCCT ကလည်း၊ အစိုးရဘက် က လုပ်ဆောင် လာတဲ့ စစ်ရေး ဆောင်ရွက် ချက်တွေ အပါအဝင် ရှိနှင့်ပြီး ကတိကဝတ် တွေ အပေါ် ပယ်ဖျက်တာမျိုးတွေ ကြောင့် အစိုးရ နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ မဆုံးဖြတ်နိုင် ဖြစ်နေရတယ် ဆိုပြီး ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ