ကော်တောင်ကျွန်း လူသတ်မှု၊ မြန်မာ သက်သေ တွေနဲ့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် fed
Image caption ဒီကိစ္စဟာ ထိုင်းမှာ ရောက် နေတဲ့ မြန်မာ အလုပ် သမား တွေ အပြင်၊ တခြား အလုပ် သမား တွေနဲ့ ပါ သက်ဆိုင်

ထိုင်းနိုင်ငံ ကော်တောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲခံ မြန်မာ လုပ်သား နှစ်ဦး အတွက် မြန်မာ စုံစမ်းရေး အဖွဲ့ ကနေ မြန်မာ နိုင်ငံထဲ ရောက် နေတဲ့ သက်သေ တစ်ချို့ နဲ့ လိုက်ပြီး တွေ့ဆုံ နေပါတယ်။

သက်သေ တစ်ချို့ ဟာ ထိုင်း တရားခွင်မှာ သက်သေ မလိုက် ရဲဘူး ဖြစ်နေတယ် လို့ စုံစမ်း ရေး ကော်မရှင်ရဲ့ ရှေ့နေဦး အောင်မျိုးသန့်က ရန်ကုန် မြို့မှာ ကျင်းပပြု လုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား သွားပါတယ်။

ဒီ လူသတ် မှုနဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦး ဖြစ်တဲ့ ဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်း တို့ကို လာမယ့် ဒီဇင်ဘာလ ၂၆ ရက် နေ့မှာ ထိုင်းနိုင်ငံ ကော် စမွေ တရားရုံးမှာ ရုံးထုတ် ဖို့ ရှိပါတယ်။

သူတို့ကို လူသတ် မှု အပါ အဝင် အမှုပေါင်း ၇ ခု နဲ့ စွဲချက် တင်ထားပြီး၊ စွဲချက် တွေကို ချေပ နိုင်အောင် မြန်မာ နိုင်ငံ ထဲကို ပြန်ရောက် နေတဲ့ သက် သေတွေ နဲ့ စုံစမ်းရေး အဖွဲ့က လိုက်ပြီး တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ အာဏာ ရှိတဲ့ ထိုင်းရဲ တပ်ဖွဲ့က အမှုကို တည်ဆောက် ထားတာ ကြောင့် မြန်မာ နိုင်ငံ ဘက် မှာ ပြန်လည် ရှောင်တိမ်း နေတဲ့ အလုပ် သမား အတော် များများဟာ ထိုင်းမှာ အလုပ် ပြန်လုပ် ချင်ကြတဲ့ အတွက် ထိုင်းရဲ တွေကို ကြောက်ပြီး သက်သေ မထွက် ရဲတာ ဖြစ်တယ် လို့ စုံစမ်း ရေး အဖွဲ့က ပြောပါတယ်။

ဒီကိစ္စ ဟာ ထိုင်းနိုင်ငံ မှာ ရောက် နေတဲ့ မြန်မာ အလုပ် သမား တွေ အပြင်၊ တခြား ရွှေ့ပြောင်း အလုပ် သမား တွေနဲ့ ပါ သက်ဆိုင် တယ်လို့ စုံစမ်း ရေးအဖွဲ့ က ကိုထူးချစ် ကလည်း ပြောပါတယ်။

မြန်မာ ဘက် ကတော့ သက်သေ အရေ အတွက် ကို ရာဂဏန်း အထိ လိုအပ်ရင် တင်သွင်းဖို့ ရှိပြီး၊ သက်သေတွေ အန္တရာယ် မရှိ ဖို့ကို အစိုးရ ကနေ တစ်ဆင့် အကူ အညီတောင်း သွားမယ် လို့လည်း စုံစမ်းရေး ကော်မရှင်က ပြောပါတယ်။

မြန်မာ လုပ်သား တွေဟာ ဒီအမှုမှာ လုံးဝ မပတ် သက်ဘူး ဆိုတာ သက်သေ တွေ အများ အပြား ထပ်မံ ရထား ပြီးတော့၊ အမှု မှန် ဖော်ထုတ် နိုင်မယ် လို့ ယုံကြည်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။