ရခိုင်တွေ စစ်တကောင်း တောင်ပေါ်က ပြေးလာ

rakhine refugee ဓာတ်ပုံ မူပိုင် AP
Image caption မိန်းမတွေနဲ့ ကလေးတွေ လည်း ပါဝင်

ဘင်္ဂလား ဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသက ထွက်ပြေး လာကြတဲ့ ရခိုင် မျိုးနွယ်စုဝင် သုံးဆယ်ကျော် တနင်္လာ နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကို ရောက်လာတယ် လို့ သိရပါတယ်။

ထွက်ပြေး လာတဲ့သူ စုစုပေါင်း ၃၁ ဦး ဖြစ်ပြီး မိန်းမတွေနဲ့ ကလေးတွေ လည်း ပါဝင် ပါတယ်။

သူတို့ကို ကျောက် တော်မြို့ ပေါ်က သာသနာ့ ဗိမာန်မှာ နေရာချ ပေးထား တယ် လို့ သိရပါတယ်။

မိသားစု ၈ စု၊ ကျား ၉ ၊ မ ၁၁ နဲ့ ကလေး ၁၁ ယောက် ပါလာတယ် လို့ အကူအညီသွား ပေးခဲ့တဲ့ ကျောက်တော် ဒေသခံ ဦးမောင်အေးသိန်း က ပြောပါတယ်။

ဘင်္ဂလား ဒေ့ရှ် နဲ့ ကပ်လျက် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကို ပထမဆုံး ဝင်လာ ကြပြီး အဲဒီက တဆင့် ကျောက်တော် ကို ရောက်ရှိ လာတာ ဖြစ်ပါတယ်။

နေရင်း ရပ်ရွာမှာ မွတ်ဆလင် တွေ နှောင့်ယှက်လို့ မနေရဲလို့ ပြေးလာကြတာ လို့ ဆိုပါတယ်။

ဒေသခံ တွေက နေရာတွေနဲ့ စားရေး သောက်ရေး စီစဉ်ချ ထားပေး ပြီး အာဏာပိုင်တွေ ဘက်ကတော့ လူစာရင်း တွေကို လာရောက် ကောက်ခံ သွားတယ်လို့ ဆိုပါတယ်။

အခု ထွက်ပြေး လာကြသူ တွေဟာ ဒီနှစ် အတွင်း မှာတော့ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အရင်နှစ် တွေက ခုလို ထွက်ပြေးလာသူ အရေအတွက်က တထောင်ကျော် ခန့်ရှိပြီး သူတို့ကိုတော့ မောင်တော မြို့နယ် နယ်စပ် ဒေသတွေမှာ နေရာချ ပေးထားတယ် လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ