အစိုးရ အကြည်ညိုပျက်မှုနဲ့ ရခိုင်မှာ ဖမ်းဆီး

prison
Image caption အာမခံ မရဘဲ စစ်တွေထောင် ကို ပို့

ရခိုင်ပြည်နယ် စစ်တွေမြို့က လူမှုရေး လူပ်ရှားသူ တဦး ကို ရခိုင် ပြည်နယ် အစိုးရကို အကြည်ညို ပျက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင် တယ် ဆိုပြီး ဖမ်းဆီး ကာ စစ်တွေထောင် ကို ပို့လိုက်တယ် လို့ သိရ ပါတယ်။

ရခိုင့် အမျိုးသားရေး ကိုနိုင်နိုင်ကို ဒီဇင်ဘာလ ၂၂ ရက် က ရဲက ဖမ်းဆီး လိုက်ပါတယ်။

ခုလို ဖမ်းဆီး တာဟာ ရခိုင်ပြည်နယ် ပညာရေး ဌာန ညွှန်ကြားရေးမှူး က တရား စွဲဆိုတဲ့ အတွက် ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ကိုနိုင်နိုင် ဟာ စစ်တွေမှာ ကျင်းပတဲ့ နပမ်းပွဲနဲ့ ပြည်နယ်နေ့ ပွဲတော် တွေမှာ ကျောင်းသား တွေကို သရုပ်ဖော် အက တွေနဲ့ ဖျော်ဖြေ ခိုင်းတာ ဟာ ပညာရေးကို ထိခိုက်တယ် ဆိုတဲ့ စာတွေ ကို ကပ်တဲ့ အပြင် ကင်းထောက် သင်တန်း အတွက် အကြို စာမေးပွဲ ဖြေနေတဲ့ ကျောင်းသား ၂ဝ ကို နေပြည်တော် ခေါ်သွား တာ ဟာ နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ် ပညာရေး ကို ပို ထိခိုက်တယ်လို့ စာထဲမှာ ရေးသား ထားတယ် လို့ ဆိုပါတယ်။

၂၄ ရက် နေ့က ကိုနိုင်နိုင် ကို စစ်တွေ မြို့နယ် တရားရုံးမှာ ရုံးထုတ် ခဲ့ပြီး အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲ ဆိုပြီး အာမခံ မရဘဲ စစ်တွေထောင် ကို ပို့လိုက်ပါတယ်။

မိသားစုနဲ့ အပေါင်းအသင်းတွေ ကိုလည်း တွေ့ခွင့် မပေးဘူး လို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ ရခိုင် အလင်းတံခါး အမျိုးသမီး အဖွဲ့က ဒေါ်ကျော့စိန် က ပြောပါတယ်။

ကိုနိုင်နိုင်ဟာ ဒီနှစ် အတွင်း ဘင်္ဂလား ဒေ့ရှ်က ပြည်တွင်း ပြန်ဝင်လာသူ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း အရက်တု အရက်ဆီတွေ တင်သွင်း နေတာကို ပိတ်ပင် တားဆီးရေး အတွက်လည်း တက်ကြွစွာ လူပ်ရှားနေသူ ဖြစ်တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ