UNA ဆွေးနွေးပွဲ သုံးရက်ကြာ ညီလာခံ ပြီးစီး

_una_304x171_ ဓာတ်ပုံ မူပိုင် una
Image caption UNA ညီလာခံ တက် ကိုယ်စားလှယ်များ

UNA ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ရဲ့ ၃ ရက်ကြာ ညီလာခံ ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ က ပြီးစီးသွားပါပြီ။ မိတ်ဖက် နိုင်ငံရေး ပါတီများ၊NGO များ နဲ့ ကွန်ယက် အဖွဲ့ စုစုပေါင်း ၂၄ ဖွဲ့ တက်ရောက် ကြပြီး မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေ တဲ့ အခြေအနေ တွေ ကို သုံးသပ် ယင်း၊ ရှေ့ဆက် လက်တွေ လုပ်ဆောင်ရမဲ့ အချက်တွေ ဆွေးနွေးကြောင်း NLD မှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ဘီဘီစီ ကို ပြောပါတယ်။

လက်တွေ လုပ်ဆောင်ရမဲ့ အချက်တွေ ကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ဒီ အခြေအနေ တွေ ကို လွန်မြောက်အောင် နိုင်ငံရေး အရ ဆွေးနွေးပွဲ တွေ ကို စဉ်ဆက် မပြတ် လုပ်ကြဖို့ UNA မှ ဆုံးဖြတ်ပါတယ်။

မိတ်ဖက်ပါတီ တွေဖက်က တင်ပြတဲ့ အချက် ၇ ချက်ထဲမှာ တော့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ နိုင်ငံရေး စနစ် ကျင့်သုံးရေး နဲ့ ဖယ်ဒရယ် စနစ် တည်ထောင်ရေးမှာ အထစ်အငေါ့ တွေ ဖြစ်နေတာကို ဆွေးနွေးကြောင်း လည်း ဦးထွန်းထွန်းဟိန် က ဘီဘီစီ ကို ပြောပါတယ်။

UNA ရဲ့ အခန်းကဏ္ဍ အရေးပါတဲ့ အထဲမှာတော့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်တွင်း နဲ့ လွှတ်တော်ပြင်ပ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အနေနဲ့လည်း UNA ဘက် က ခိုင်ခိုင်မာမာ ဆွေးနွေးပြီး ရလာတဲ့ အချက်အလက် တွေ ကိုတော့ လွှတ်တော်တွင်း က ကိုယ်စားလှယ် တွေ ကို အသိပေးဖို့ ရှိလို့ ရှိရင် ရည်မှန်းချက် ပန်းတိုင်တွေ ရောက်နိုင်ဘွယ် ရှိပုံလည်း ရှင်းပြပါတယ်။