ရန်ကုန်စည်ပင် ရွေးကောက်ပွဲ မဲပေးသူနည်းပါး

ဓာတ်ပုံ မူပိုင် AFP

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ရန်ကုန်မြို့ အနှံ့မှာ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပါတယ်။

နှစ်ပေါင်း ၅ဝ ကျော် အတွင်း ရန်ကုန် စည်ပင် သာယာ အဖွဲ့ ရဲ့ ပထမဆုံး ရွေးကောက်ပွဲတွေ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

လာရောက် မဲပေးသူ နည်းပါးခဲ့တာကို တွေ့ရတယ်လို့ ကိုယ်တိုင်သွားရောက် မဲပေးခဲ့သူ တချို့က ပြောပြပါတယ်။

မြို့နယ်တချို့မှာ ဥပဒေအရ မဲပေးခွင့် ရှိသူ တချို့ မဲရုံကို မှတ်ပုံတင်နဲ့ ရောက်လာခဲ့ပေမယ့် မဲရုံမှာ ရှိနေတဲ့ စာရင်းထဲမှာ နာမည် မပါတဲ့အတွက် မဲပေးခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

အိမ်ထောင် ဦးစီး မဟုတ်ရင် မဲပေးခွင့် မရှိ ဆိုပြီး နှုတ်မိန့်နဲ့ အနီးကပ် ညွှန်ကြားချက် ထုတ်လို့ ရန်ကုန် စည်ပင် ရွေးကောက်ပွဲ မှာ လူ ၄ သိန်း ပဲ မဲပေးခွင့် ရခဲ့ပါတယ်။

ဒီအတွက် ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ ဒလမြို့နယ်မှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံပေမယ့် မဲပေးခွင့် မရတဲ့အတွက် ဆန္ဒပြရတာလို့ သူတို့က ဆိုပါတယ်။

မဲရုံမှုးအဖြစ် ဆောင်ရွက်ခဲ့တဲ့ လှိုင်သာယာ မြို့နယ်က အုပ်ချုပ်ရေးမှုး တဦးကတော့ မဲဆန္ဒရှင်စာရင်း ကောက်ယူဖို့ ကြေငြာစဉ်က လာရောက် စာရင်းပေးသွင်းခြင်း မရှိသူတွေ မပါဘဲ ကျန်ရစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ