ရန်ကုန် စည်ပင် ရွေးကောက်ပွဲ အားနည်းချက် တွေရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက် တာတွေ ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မှာ တင်ပြ သွားမယ်

ရန်ကုန် မြို့တော် စည်ပင် သာယာ ရွေးကောက် ပွဲကို လူတွေ စိတ်ဝင်စား မှု နည်းခဲ့ သလို၊ မမျှ တတဲ့ အထောက် အထားတွေ အများ အပြား ကိုလည်း တွေ့ရတယ် လို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောဆို လိုက်ပါတယ်။

နှစ် ၆၀ အတွင်း ပထမဆုံး ပြုလုပ် ခဲ့တဲ့ ရန်ကုန် မြို့တော် စည်ပင် ရွေးကောက်ပွဲ ဟာ လူ ၅ သန်းကျော် နေထိုင်တဲ့ ရန်ကုန် မှာ ၄ သိန်း လောက်ပဲ မဲပေး ခွင့်ရှိ ပါတယ်။

စနေနေ့ က ပြီးစီး သွားတဲ့ ဒီ ရွေးကောက်ပွဲကို ကျပ် သိန်းပေါင်း ၅၀၀၀ အကုန် အကျ ခံပြီး လုပ်ခဲ့တာ ဖြစ်ပေမယ့် ပြည်သူတွေ စိတ်ဝင်စားမှု ရှိအောင် အစိုးရဘက် ဆောင်ရွက်မှု အလွန် တရာမှ အားနည်း တယ်လို့လည်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။

နောက်ပြီး နိုင်ငံရေး ပါတီကြီး တချို့က ပုဂ္ဂိုလ် တွေဟာ မဲရုံ ပရဝုဏ် အတွင်းမှာ ဝင်ပြီး မဲဆန္ဒရှင် တွေကို အတင်း အကျပ် နဲ့ သူတို့ အလို ရှိတဲ့ သူတွေ အတွက် မဲပေး ခိုင်းတာမျိုး တွေ ရှိတယ်လို့ လည်း ဆိုပါတယ်။

အခုလို မသမာ မှုတွေနဲ့ ပတ်သက် ပြီး ရွေးကောက်ပွဲ ဥပဒေ ရေးရာ ချိုး ဖောက် တာတွေ ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မှာ တင်ပြ ဆွေးနွေး သွားဖို့ ရှိတယ် လို့ သူက ပြောပါတယ်။

ရန်ကုန် စည်ပင် သာယာရေး ကော်မတီ ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေ ကိုတော့ တနင်္လာနေ့မှာ ထုတ် ပြန်ဖို့ ရှိတယ် လို့ ကော်မရှင် ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ