ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းပွဲ

khin ဓာတ်ပုံ မူပိုင် han win aung
Image caption လက်ပံတောင်း ဆန္ဒပြပွဲမှာ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း

လက်ပံတောင်း စီမံကိန်း အစီရင်ခံစာမှာ အကြံပေးတဲ့ အတိုင်း တိတိကျကျ ဆောင်ရွက်ခဲ့ရင် ဒီလို ပြဿနာ ဖြစ်စရာ မရှိဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က အင်္ဂါ နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ပြည်ပက လာရောက် ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီ တွေ အနေနဲ့ သူတို့ အကျိုးကို ကြည့်သလို လာရင်းနှီး မြှုပ်နှံတဲ့ နိုင်ငံ အကျိုး လည်း မျှမျှတတ ဖြစ်အောင် ကြည့်သင့်တယ်လို့ ပြောကြား ခဲ့ပါတယ်။

မကြာခင်က ဖြစ်ပွားတဲ့ လက်ပံတောင်း လူသေမှု အတွက် ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင် အာဏာပိုင် တွေက ထိထိ ရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

နောက်လ တရုတ် နိုင်ငံ ခရီးစဉ် ကိုလည်း ၂ ဘက် အချိန် ညှိနှိုင်းမရလို့ လောလောဆယ် မသွားဖြစ်သေး ကြောင်း သူက ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို တရားဝင် ကြေညာမှ NLD အနေနဲ့ ဝင်ပြိုင်မယ် မပြိုင်ဘူး ဆိုတာ ကို တရားဝင် ကြေညာမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ