ရိုဟင်ဂျာ နိုင်ငံသား ပေးဖို့ ကုလ ဆုံးဖြတ်

rohingya
Image caption ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတွေ

မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင် တွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးဖို့ နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ က လိုက်နာ ဆောင်ရွက်စရာ မလိုတဲ့ ဆုံးဖြတ်ချက် ချမှတ် ခဲ့ပါတယ်။

၁၉၈၁ နိုင်ငံသား ဥပဒေ အရ ရိုဟင်ဂျာ လူမျိုး ၁၃ သိန်း လောက် နိုင်ငံမဲ့ ဖြစ်နေပြီး သန်းခေါင် စာရင်း ကောက်ခံရာမှာ သူတို့ကို ရိုဟင်ဂျာ အမည် စာရင်းကို ထည့်သွင်းခွင့် မပြုခဲ့ ပါဘူး။

ရခိုင် ပြည်နယ်မှာ နေထိုင်သူ အားလုံးကို အစိုးရက ကာကွယ် စောင့်ရှောက် ပေးဖို့၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိစေဖို့ အထွေထွေ ညီလာခံက တောင်းဆိုခဲ့ပါတယ်။

ဒီ ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပ သမဂ္ဂက ရေးဆွဲ တင်သွင်း ခဲ့ပြီး မြန်မာ အစိုးရက ကန့်ကွက်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ