ဗိုလ်​ရှု​ခံ​ပွဲကို ဝါ​ရင့် နိုင်ငံ​ရေး​သမား ဝေဖန်

_independence_day_parade
Image caption ဖဆပလ ပါလီမန် ဒီမိုကရေစီ ခေတ် တုန်း ကလည်း ဗိုလ်ရှုခံပွဲ ကျင်းပ ခဲ့ကြပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၄ ရက် ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ နေပြည်တော် မှာ ကျင်းပမယ့် ဗိုလ်ရှု့ခံ သဘင် ဆိုတာ စစ်တပ် အင်အားကို ပြတဲ့ အခမ်းအနား ဖြစ်တယ် လို့ ဝါရင့် နိုင်ငံရေးသမား သခင်ချန်ထွန်း က ပြောပါတယ်။

ပါလီမန် အစိုးရ ခေတ် ဖဆပလ အစိုးရ လက်ထက် တုန်းက အလားတူ ဗိုလ်ရှုခံ ပွဲကို ရန်ကုန်မြို့ ပြည်လမ်း တလျှောက် ကျင်းပခဲ့ကြ ပေမယ့် ကုန်ကျစားရိတ် ကြီးကြီးမားမား မသုံးစွဲပဲ တပ်မတော် အပါအဝင် ဖဆပလ ရဲ့ အလုပ်သမား လယ်သမား အစည်းရုံးတွေ နဲ့ အတူ မြို့ခံ တွေလည်း ကိုယ့် အစီစဉ်နဲ့ကိုယ် ပါဝင် ချီတက်ခဲ့ ကြတယ် လို့လည်း ပါလီမန် အတွင်းဝန် တစ်ဦး ဖြစ်ခဲ့တဲ့ ဦးချန်ထွန်း က ဆိုပါတယ်။

ပါလီမန်ခေတ် ဂုဏ်ထူးဆောင် ရာထူးဖြစ် တဲ့ သမ္မတကို ချီတက် အလေးပြုကြ တဲ့ ဗိုလ်ရှုခံ အခမ်းအနား ဟာ ၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆက်လက် ကျင်းပခဲ့ခြင်း မရှိပဲ ဒီနှစ်မှာ မှ ပြန်လည် ကျင်းပ လာတာ ဖြစ်ပါတယ်။

အခုလို စစ်အင်အား ပြခြင်း မျိုးနဲ့တော့ ပြည်သူတွေ ရဲ့ တပ်မတော် အပေါ် သဘောထား ဟာ ထူးထူး ခြားခြား ပြောင်းလဲ သွားမှာ မဟုတ်ပဲ လွတ်လပ်စွာ ရွေးကောက် တင်မြှောက် ထားတဲ့ အစိုးရ ပေါ်ပေါက် လာဖို့သာ ပြည်သူ အများက လိုချင်တာ ဖြစ်တယ် လို့ ဦးချန်ထွန်း က မှတ်ချက် ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ