အောက်​ခြေ​အဆင့် ရွေး​ကောက်​ပွဲ ကော်​မရှင် တွေ ဖွဲ့​စည်း

_election_commission_tin_aye ဓာတ်ပုံ မူပိုင် burmese
Image caption ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက်ပွဲ အတွေ့ အကြုံ ရှိသူ တွေထဲက ပြန်လည် ရွေးပြီး ရပ်ကွက် အဆင့် ကော်မရှင် တွေ ဖွဲ့ပေးမယ်။

၂၀၁၅ ရွေးကောက်ပွဲ အတွက် မြို့နယ် နဲ့ ရပ်ကွက် အဆင့် ရွေးကောက်ပွဲ ကော်မရှင် တွေ ကို ပြန်လည် ဖွဲ့စည်းဖို့ လုပ်ဆောင် တာမှာ အဖွဲ့ဝင် (၁၀ဝ) လောက် ပြန်ပြီး အစားထိုး ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က လုပ်ဆောင် နေပါတယ်။

ပြည်ထောင်စု ကော်မရှင် ရဲ့ သတင်း ထုတ်ပြန်ရေး တာဝန်ခံ ဦးသောင်းလှိုင် ရဲ့ အဆိုအရ ဒေသခံ အများပြည်သူ က လေးစား ရသူတွေကို ရွေးချယ်တာ ဖြစ်ပြီး ကန့်ကွက်မှု တွေ ရှိရင် စိစစ် အစားထိုးပေး မယ်လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ အတွေ့အကြုံ ရှိသူတွေထဲက ရွေးချယ် ထားတာ ဆိုပြီး တော့လည်း ဦးသောင်းလှိုင် က ပြောပါတယ်။

ဒါပေမယ့် အခုလို အောက်ခြေ အဆင့် ကော်မရှင်တွေ ပြုပြင်တာ နဲ့တင် မလုံလောက် ကြောင်းနဲ့ ပြည်ထောင်စု အဆင့် ကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင် ဝင် တချို့ဟာ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရဲ့ ထိပ်တန်း ခေါင်းဆောင် ဟောင်းတွေ၊ ထိပ်တန်း စစ်ဘက် အရာရှိ ဟောင်း တွေ ဖြစ်တဲ့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တစ်ခုလုံးကို ပြင်ဆင် ဖွဲ့စည်းသင့်တယ် လို့ မြန်မာ့ နိုင်ငံရေး လေ့လာ ဝေဖန်သူ ဒေါက်တာ ရန်မျိုသိမ်း ကတော့ ဝေဖန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ