ဖားကန့် မြေပြိုမှုမှာ ပျောက်နေသူတွေ ဆက်မရှာတော့

Phakant Jade Mine
Image caption မြန်မာနိုင်ငံ နေရာအနှံ့ကလူတွေ ဖားကန့်မှာ လာရောက် ကျောက်တူးကြ

ဖားကန့် ကျောက်စိမ်းမှော်မှာ အင်္ဂါနေ့ ညနေက မြေစာပုံ ပြိုကျလို့ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား တစ်ယောက်ရဲ့ အလောင်းကို ဇန်နဝါရီလ ၈ ရက် ကြာသပတေးနေ့က ထပ်မံ တွေ့ရှိပြီးတဲ့နောက် ရပ်ဆိုင်းလိုက်တာပါ။

ပျောက်ဆုံး နေတယ်လို့ စာရင်းပေးထားကြသူ စုစုပေါင်း ၄ ယောက် ထဲမှာ သူတို့ နှစ်ယောက် ပါဝင်တယ်လို့ အာဏာပိုင်တွေဘက်က ပြောပါတယ်။

နှစ်ရက်ကြာ ရှာဖွေရေး လုပ်ငန်းကို မြေတူးကား ၄ စီး လူအင်အား ၅၀ကျော် နဲ့လုပ်ဆောင်ခဲ့ ပါတယ်။

ဒီမြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက် များနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပေမဲ့ မြေပြိုမှု စဖြစ်ကတည်းက အနီးအနား ကျေးရွာတွေက ရာအိမ်မှူးတွေ လိုက်လံ စာရင်းကောက်တဲ့ အခါမှာသူတို့ကို အကြောင်းကြားတဲ့ စာရင်းက လေးယောက်ပဲ ရှိတယ်လို့ တောင်ပြိုရွာက ရာအိမ်မှူး ဦးသန်းရွှေက ပြောပါတယ်။

အတွက် သူတို့ အလောင်းတွေကို ပြန်တွေ့ပြီးနောက်မှာ ရှာဖွေရေး လုပ်ငန်းတွေကိုရပ်လိုက် တာလို့ ရှာဖွေရေး လုပ်ငန်းမှာပါဝင်တဲ တောင်ပြိုရွာက ရာအိမ်မှူး ဦးသန်းရွှေက ပြောပါတယ်။ ဒေသခံတွေကတော့ မြေပြိုတာကို စနစ်တကျ ရှာဖွေတာ မဟုတ်တဲ့အတွက် ဒီကိစ္စမှာ အစိုးရက ဖုံးဖိလိုတဲ့ သဘောတွေ့ရတယ်လို့ အဲဒီနေရာကို သွားကြည့်ခဲ့သူ ဖားကန့်ဒေသခံ ဦးချိုကပြောပါတယ်။

ရွှေ့ပြောင်း လုပ်သားတွေ အများအပြား လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ဖားကန့်ဒေသမှာ မြေစာပုံတွေကနေ ရေမဆေးကျောက်လာပြီး ရှာဖွေကြသူတွေဟာ ဒေသခံ ရွာတွေမှာ နေထိုင်သူစာရင်းထဲ မပါဝင်ဖို့များပါတယ်။

ဒီမြေပြိုမှူ နဲ ပက်သက်လို့ အစိုးရဘက်က အခုချိန် အထိ တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ