ဗ​က​သ ကျောင်းသား​တွေ ကို မြင်း​ခြံ​မြို့​လုံး​ကျွတ် ကြိုဆို

_bakatha_long_march ဓာတ်ပုံ မူပိုင် b
Image caption ပြည်သူ အများ လွတ်မြောက် ရေး ကို ကျောင်းသား လူငယ် တွေ က ဆောင်ကြည်း ပေးနိုင်မယ် ဆိုတဲ့ ယုံကြည် မျှော်လင့် ချက် နဲ့ အားပေးခဲ့ ကြတာ လို့ မြို့ခံ တွေက ပြော။

အမျိုးသား ပညာရေး ဥပဒေ ကို သပိတ်မှောက် နေကြ တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ မန္တလေး ကနေ ရန်ကုန် ထိ ခရီးရှည် လမ်းလျှောက် ချီတက်ပွဲ ၆ ရက် မြောက် နေ့ မြင်းခြံမြို့ ကို ရောက် ရှိလာတဲ့ ဆန္ဒပြ ကျောင်းသား တွေ ကို မြို့လုံးကျွတ် သောင်းသောင်း ဖျဖျ ကြိုဆို ခဲ့ကြပါတယ်။

မြင်းခြံ ကို အရောက်မှာ မြင်းခြံ နည်းပညာ တက္ကသိုလ် နဲ့ မြင်းခြံ ဒီဂရီ ကောလိပ် က ကျောင်းသား တွေ၊ ရဟန်းပျို သမဂ္ဂ နဲ့ ရွှေဝါရောင် သံဃာတော် တွေ ပူးပေါင်း ပါဝင် လာကြသလို ဆန္ဒပြ ကျောင်းသား တွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက် ပေးဖို့ လူနာတင်ကား နဲ့ အတူ စေတနာရှင် ဆရာဝန် တွေ မြို့ခံ တွေပါ မြို့တလျှောက် ချီတက် ခဲ့ကြပါတယ်။

ဆန္ဒပြ ကျောင်းသား တွေကို အခုလို မြင်းခြံမြို့ က အိမ်တိုင်းစေ့ နီးပါး ထွက်ကြို ကြတာ ဟာ ပြည်သူ အများ လွတ်မြောက် ရေး နဲ့ မြန်မာ့ နိုင်ငံရေး ထွက်ပေါက် ကို ကျောင်းသား လူငယ် တွေ က ဆောင်ကြည်း ပေးနိုင်မယ် ဆိုတဲ့ ယုံကြည် မျှော်လင့် ချက် နဲ့ အားပေးခဲ့ ကြတာ ဖြစ်တယ် ဆိုပြီး မြို့ ခံ ဒေါက်တာ စိုးနိုင် က ဘီဘီစီ ကို ပြောပါတယ်။

တိုင်းပြည် ကောင်းစား ဖို့ ဆို အင်မတန် နိမ့်ကျနေတဲ့ ပညာရေး မူဝါဒ ကို ပြောင်းလဲဖို့ အရေးကြီးတဲ့ အတွက် ဗကသ ကျောင်းသား တွေ နဲ့ အတူ ပူးပေါင်း ရတာ ဖြစ်ကြောင်း ရဟန်းပျိုသမဂ္ဂ အဖွဲ့ဝင် တစ်ပါး ဖြစ်တဲ့ ဆရာတော် ဦးဥတ္တမ ကလည်း မိန့်ပါတယ်။

ဗကသ ကျောင်းသား တွေ ရဲ့ လမ်းခရီး မှာတော့ ကျောက်ဆည် မှာ တစ်ကြိမ်၊ မြင်းခြံမြို့နယ် ထဲက ညောင်ပင်သာ ရွာ မှာ တစ်ကြိမ် အာဏာပိုင် တွေ က တားဆီး ဟန့်တားမှု လုပ်ခဲ့ ကြ ပေမယ့် ဆက်လက် ချီတက် ခဲ့ကြ တာ ဖြစ်ပါတယ်။

မြင်းခြံ မြို့မှာ ဇန်နဝါရီ ၂၅ ရက် ည နားပြီးတဲ့ အခါ မှာတော့ မြင်းခြံ တောင်သာ ကျောက်ပတောင်း လမ်းကြောင်း ကနေ ရန်ကုန် အရောက် ချီတက်ကြ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ