ဆန္ဒပြ ကျောင်းသားတွေ ပုပ္ပါးမှာ စည်းဝေး

student
Image caption ၄ ပွင့်ဆိုင် ဆွေးနွေးဖို့ သဘောတူညီမှု ရ

ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မှာ အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ စဖို့ သဘောတူ ခဲ့တဲ့ သပိတ်မှောက် ကျောင်းသားတွေ အကြား ပုပ္ပါးက ရှေ့ဆက် ချီတက်ဖို့ ကိစ္စ ညှိနှိုင်း နေကြဆဲ ဖြစ်ပါတယ်။

နေပြည်တော်မှာ အစိုးရ ဝန်ကြီး တွေနဲ့ ဆွေးနွေးခဲ့တဲ့ ကျောင်းသား ကိုယ်စားလှယ် တွေက ဆွေးနွေးတဲ့ နေ့ထိ ချီတက်မှု မလုပ်ဘဲ ရပ်နား ထားစေ လိုပြီး သပိတ် စစ်ကြောင်း က ကျောင်းသား တွေကတော့ ကျောက်ပန်းတောင်း က ဆက်ပြီး ရန်ကုန် ကို ချီတက် ဖို့ လိုလားကြပါတယ်။

အချိန် အကြာကြီး ရပ်နားပြီး လှုပ်ရှားမှု ငြိမ်သွားတာ မျိုး မဖြစ်စေလိုဘဲ ဆွေးနွေးပွဲ စတဲ့ နေ့ ရောက်မှ ရောက်တဲ့မြို့မှာ စစ်ကြောင်း ရပ်ပြီး ဟောပြော တာမျိုး လုပ်စေ လိုတယ် လို့ သိရပါတယ်။

အယူအဆ ကွဲပြားမှု ရှိပေမယ့် အများ သဘောတူ ဆုံးဖြတ်တဲ့ နောက်ကို အားလုံး မကွဲမပြား လိုက်နာ ကြမယ် လို့ ဆိုပါတယ်။

သပိတ်မှောက် ကောင်စီမှာ မပါတဲ့ တချို့ ကျောင်းသား တွေ ကလည်း အစိုးရနဲ့ စေ့စပ် ဆွေးနွေးမှု ကို အချိန်ဆွဲမှု လို့ ယူဆ နေကြပြီး တောင်းဆိုမှု တွေ မရလို့ မအောင်မမြင် ဖြစ်ခဲ့ရင် ဆက်လုပ်စရာ တွေ လုပ်ကြဖို့ လိုလား ကြတယ် လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ