ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို ဈေးပြိုင် ရောင်းမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်စုရဲ့ နေအိမ်တံခါးကို ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရစဉ် တလျှောက် နေခဲ့ရတဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံဝင်း ဂိတ်တံခါးဟောင်းကို လက်ဝယ် ရရှိထားသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ကြမ်းခင်းဈေး ကျပ်သိန်း ၂၀၀၀ နဲ့ ဈေးပြိုင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဂိတ်တံခါးဟောင်းနဲ့ အတူ အင်္ဂတေနဲ့ ထွင်းထုထားတဲ့ အိမ်နံပါတ် အမှတ် ၅၄ လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ရောင်းရငွေကို ပါတီဌာနချုပ်ရုံး အသစ် ဆောက်လုပ်ရာမှာ သုံးစွဲမယ်လို့ သိရပါတယ်။

အဝါရောင်နဲ့ အနီရောင် သံပန်းဂိတ်တံခါးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်လာကာစ ၂၀၀၅၊ ၂၀၀၆ ကာလတွေမှာ အဲဒီ ဂိတ်တံခါးကနေ လူထုကို အပတ်စဉ် မိန့်ခွန်းပြောတာတွေ လုပ်ခဲ့တဲ့ နေရာလည်း ဖြစ်လို့ ကမ္ဘာ့ သတင်းမီဒီယာတွေမှာ ဖော်ပြခံခဲ့ရတဲ့ ထင်ရှားတဲ့ ဂိတ်တံခါး တစ်ခုလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ