ဝှိုက်​ကတ် ကိုင်​သူ​တွေ ဆန္ဒ​ခံယူ​ပွဲ အတွင်း မဲ​ပေး​နိုင်​ကြောင်း လွှတ်တော် ဆုံးဖြတ်

hluttaw_parliament_myanmar_ ဓာတ်ပုံ မူပိုင် AFP
Image caption ဝှိုက်ကတ် ကိုင်သူတွေကို ဆန္ဒမဲပေးခွင့် ပြုဖို့ သမ္မတက သဘောထား မှတ်ချက်ပြုပြီး လွှတ်တော်ကို ပေးပို့ ခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စမျိုး လို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ လုပ်စရာ လိုတဲ့ အခါ မျိုးတွေ မှာ အဲဒီ ဆန္ဒ ခံယူပွဲ အတွင်း နိုင်ငံသား မဖြစ်သေးပဲ ဝှိုက်ကဒ် လို့ ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ တွေ ဆန္ဒမဲ ပေးခွင့် ရှိတယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော် က ဆုံးဖြတ် လိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော် က အရင်က တော့ ဝှိုက်ကဒ် ကိုင်ဆောင်သူ တွေ မဲပေးခွင့် မပြုသင့်ဘူး လို့ ဆုံးဖြတ်ချက် ရှိထား ခဲ့ ပေမယ့်၊ အဲဒီ့ အဆုံးအဖြတ် အပေါ် သမ္မတ က သဘောထား မှတ်ချက် တွေ ပေးပြီး လွှတ်တော် ထံ ပြန်လည် ပေးပို့ ခဲ့တဲ့ နောက်ပိုင်း၊ အခုလို အခု လို ပြောင်းပြန် ရလာဒ် ထွက်လာတာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ က အများစု နေရာယူ ထားတဲ့ လွှတ်တော် အနေနဲ့ အခုလို ဝှိုက်ကဒ် ကိုင်ဆောင်သူ တွေ ဆန္ဒ ခံယူပွဲ အတွင်း မဲပေးခွင့် ပေးလိုက်တာဟာ ပြည်ခိုင်ဖြိုးနဲ့ NLD ပါတီကြီး ၂ ခု အကြား အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး အလားအလာ အပေါ် အားပြိုင်မှုတွေ ပြုလုပ်လာမယ့် အနေအထား ဖြစ်တယ် ဆိုပြီး ဒေါက်တာ အေးမောင် သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံမှာ လက်ရှိ ဝှိုက်ကဒ် ကိုင်ဆောင်သူ ထားသူတွေ ထဲ ဦးရေ သိန်းချီ ရှိနေတဲ့ ရိုဟင်ဂျာ တွေ လည်း ပါဝင် ပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့လည်း ရိုဟင်ဂျာ တည်ရှိမှု ကို ငြင်းပယ်ပြီး အမျိုးသားရေး အင်အားစု တွေရဲ့ ထောက်ခံမှု ကို ရနိုင်ခဲ့ သလို၊ တစ်ဘက်မှာ လည်း နိုင်ငံတကာ ရဲ့ ဖိအား နဲ့ အခုလို ဝှိုက်ကဒ် ကိုင်ဆောင်သူ တွေကို တိုင်းပြည် ရဲ့ ကံကြမ္မာ ဆုံးဖြတ်ရမယ့် ကိစ္စ တွေထဲ ပါဝင် ပတ်သက်ခွင့် ပေးတာ ကလည်း နိုင်ငံရေး ကစားမှု တစ်ခု ဖြစ်တယ် လို့ ဒေါက်တာ အေးမောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ