အပစ်အခတ်ရပ်စဲရေး အချိန်မီ မပြီးနိုင်

rcss ဓာတ်ပုံ မူပိုင် AP
Image caption ငြိမ်းချမ်းရေး ဖော်ဆောင်ရေး သဘောတူ စာချုပ် လက်မှတ် ထိုးဖို့ ကြိုးပမ်း

မြန်မာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ကို ပြည်ထောင်စု နေ့မှာ ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းမှု တွေ အချိန်မီ မပြီးနိုင် ဖြစ်နေ ပါတယ်။

ကြားကာလ အဆင့်တခု ကို ရောက်နိုင်ဖို့ ငြိမ်းချမ်း ရေး ဖော်ဆောင် ရေး သဘောတူ စာချုပ် ဆိုတာ ကို လက်မှတ် ထိုးနိုင် အောင် ကြိုးပမ်း နေတယ် လို့ RCSS/SSA တောင်ပိုင်း အဖွဲ့ က ဘီဘီစီ ကို ပြောပါတယ်။

ကြာသပတေးနေ့ မှာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက် ကိုင် တွေ ဘက် က ညှိနှိုင်းရေး အဖွဲ့ NCCT တို့ တွေ့ဆုံ ကြဖို့ ရှိပါတယ်။

ဇန်နဝါရီ လ ၃၁ ရက်နေ့ ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း က မိုင်းလား ဒေသ ဌာနချုပ် မှာ KNU၊ WUSA၊ RCSS/SSA နဲ့ မိုင်းလား အဖွဲ့ လေးခု တွေ့ဆုံ နိုင်အောင် Euro Burma Office က ဒါရိုက်တာ ဦးဟန်ယောင်ဝေ က ကြားဝင် စီစဉ် ပေးခဲ့ ကြောင်း SSA က ပြောပါတယ်။

ဒီ ငြိမ်းချမ်းရေး စာချုပ် ဆွေးနွေးရာမှာ နိုင်ငံရေး ကိစ္စတွေ လျှော့ချ ဆွေးနွေးမယ် ဆိုရင် စာချုပ်ချုပ်ဖို့ ပိုလွယ်မယ်၊ ငြိမ်းချမ်းရေး စာချုပ် ချုပ်ပြီး ၃ လ အတွင်း တနိုင်ငံလုံး အပစ်ရပ်စဲရေး ယူနိုင်ဖို့ ကြိုးစား မယ်လို့ SSA တောင်ပိုင်း အဖွဲ့ ပြောခွင့် ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်စိုင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ