UPCC ဆွေးနွေးပွဲ ကျင်းပ

Minister U Aung Min ဓာတ်ပုံ မူပိုင် AFP
Image caption ချင်းမိုင်မှာ NCCT နဲ့ရော UNFC နဲ့ပါ ဦးအောင်မင်း တွေ့ဖို့ရှိ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီ UPCC အစည်း အဝေးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ် ချူပ် နိုင်ရေး အပါအဝင်၊ လာမယ့် ပြည်ထောင်စု နေ့မှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ရေး ကိစ္စတွေကို ဆွေးနွေး ကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးဖို့ အကြို ညှိနှိုင်း ဆွေးနွေးမှုတွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်သား အဖွဲ့တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဒီတစ်ကြိမ်မှာ ဝန်ကြီး ဦးအောင်မင်းက NCCT ခေါ် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ ညှိနှိုင်းရေး အဖွဲ့နဲ့ရော UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နဲ့ပါ ဆွေးနွေးဖို့ ရှိပါတယ်။

ဒီတခါ တွေ့ဆုံရင် မသေချာမရေရာတဲ့ အခြေ အနေမျိုးနဲ့ မလာချင်ဘူးလို့ ပြောထားတဲ့ အတွက် တိုင်းရင်းသားတွေ ဘက်က တင်ပြထားတဲ့ အချက် အလက် တချို့နဲ့ ပတ်သက်တဲ့ အစိုးရ ဘက်က သဘောထား တချို့ကို ဦးအောင်မင်းက ယူဆောင်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

NCCT နဲ့ ဆွေးနွေးတဲ့ အခါမှာ ကေအိုင်အို နယ်မြေ အတွင်း လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲ အခြေ အနေ အပါအဝင် NCCT နဲ့ UPCC ကြား ဆွေးနွေးလို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်လက် ဆွေးနွေးဖို့ ရှိနိုင်တယ်လို့ ခူးဦးရယ်ကပြောပါတယ်။

UNFC အနေနဲ့ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ သဘောတူညီချက်ကို ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးဖို့ သမ္မတကို စာရေး တင်ပြထားတဲ့ ကိစ္စကို ဘယ်လို တုံ့ပြန်တယ် ဆိုတာ တိတိကျကျ သိဖို့ မေးမြန်းမယ်လို့ လည်း သူက ပြောပါတယ်။

UPCC မှာ သမ္မတ၊ လွှတ်တော် ဥက္ကဌတွေ နဲ့ ကာကွယ်ရေး ဦးစီးချူပ် အပါအဝင် အဖွဲဝင် ၁၁ ဦး ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ