လောက်ကိုင်က စစ်ပြေးဒုက္ခသည်တွေ ပိုများလာ

laukkai ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ရှောင် တွေ ကို လက်ခံကြည့်ရှုပေး

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် အဖွဲ့နဲ့ အစိုးရရဲ့ စစ်တပ်တို့ လောက်ကိုင် မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေ ပါတယ်။

၂ဝဝ၉ တုန်း က နယ်ခြားစောင့် တပ် ပြောင်းဖွဲ့ဖို့ ငြင်းဆန်တဲ့ ဦးဖုန်ကြားရှင် အဖွဲ့ကို အစိုးရက ကိုးကန့်က တိုက်ထုတ် ခဲ့ပါတယ်။

ဒါကြောင့် ဦးဖုန်ကြားရှင်တို့ အခု လုပ်တဲ့ စစ်ပွဲ ဟာ နယ်မြေ ခြေကုပ် ရဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ဗမာပြည် ကွန်မြူနစ် ပါတီ က ပြောခွင့်ရ ဦး ဖိုးသံချောင်း က ပြောပါတယ်။

ဒီအတွက် လက်နက် လူသူ စုဆောင်း တာကို ၄ နိုင်ငံ ဆုံတဲ့ နယ်စပ်က မိုင်းလား အထူးဒေသမှာ ပြုလုပ်ခဲ့ပုံ ရတယ် လို့လည်း ပြောပါတယ်။

စစ်ပြေးတွေ ရာချီ

ကိုးကန့် လောက်ကိုင် ဒေသ မှာ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှု တွေ ဖြစ်နေတဲ့ အတွက် စစ်ပွဲ ကနေ လွတ်အောင် ပြေးနေရသူ တွေ တရုတ်နယ်စပ် ကို ကျော်လို့ဖြစ်စေ၊ အဲဒီ ကိုသွား အလုပ်လုပ် ရင်း အခြေကျ နေသူတွေ ကလည်း အဲဒီ ဖြစ်နေတဲ့ နယ်စပ် ကနေ ပြည်တွင်း အတွင်းပိုင်း မိမိတို့ မူရင်း ဒေသ တွေဘက် ပြန်သူ တွေ အများအပြား ပါ။

လားရှိုးမြို့ပေါ်မှာ တင် လောက်ကိုင် က ပြန်လာတဲ့ စစ်ရှောင် ပြေးသူတွေ တနေ့တနေ့ ပိုပို များလာ နေပါတယ်။

လောက်ကိုင် က ထွက်ခွာ ပြီး ပြည်တွင်း က ကိုယ့်သက်ဆိုင်ရာ ဒေသတွေ ကို ပြန်ပြောင်းရွှေ့ ဝင်လာသူတွေ က လားရှိုးမှာ တနေ့တနေ့ ရာဂဏန်း ချီလို့ပါ။

လားရှိုးမှာ အဲဒီ ဒုက္ခ ရောက်လာသူ တွေ ကို နေရာ ထိုင်ခင်းပေး၊ အစားအသောက် လည်း ပေးရင်း ကူညီ စောင့်ရှောက် နေတဲ့ မန်ဆူ ဘုရားကြီး ပရိယတ္တိ ကျောင်းတိုက် လို တခြား စစ်ရှောင် တွေ ကို လက်ခံ ကြည့်ရှုပေးတဲ့ နေရာ ၃ ၊ ၄ နေရာ ရှိပါတယ်။

လောက်ကိုင် က ထွက်ခွာ လာရတဲ့ ပညာရေး၀န်ထမ်းတွေ ၊ အစိုးရ ၀န်ထမ်းတွေ နဲ့မိသားစု ၀င်တွေ ကို လက်ခံ ထား ပေးတဲ့ လားရှိုး အထက (၁) ကျောင်းဝင်း အတွင်းမှာလည်း လူပေါင်း ၄ဝဝ ကျော် လာပြီ လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ