စာမေးပွဲကြောင့် ကျောင်းသား သပိတ် နားပေး

student
Image caption တောင်းဆိုချက် အတည် မဖြစ်မချင်း သပိတ် ဆက်မယ်

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကို ကန့်ကွက် ဆန္ဒပြတဲ့ ကျောင်းသား ပင်မ သပိတ် စစ်ကြောင်း ဟာ မနေ့ က မင်းလှမြို့ က ဆက်လက် ချီတက် ပြီး လက်ပံတန်း မြို့မှာ ညအိပ် ရပ်နား ခဲ့ပါတယ်။

ဒီနေ့ အခြေခံ ပညာ ကျောင်း စာမေးပွဲ တွေ စ ဖြေချိန် ဖြစ်တဲ့ အတွက် ပင်မ သပိတ်စစ်ကြောင်းက ချီတက်မှုတွေ ရပ်နား ထားမယ်၊ နောက်ရက် ဆက်ချီတက် မယ် ဆိုရင်လည်း ကြွေးကြော်သံ အော်ဟစ်တာလို တောင်းဆိုမှုတွေ မလုပ်ဘဲ ချီတက်မယ်လို့ သပိတ် ဦးဆောင်အဖွဲ့ဝင် ကိုမင်းသွေးသစ် က ပြောပါတယ်။

ပညာရေး ဥပဒေ ပြင်ဖို့ လွှတ်တော် မှာ ဆက် ဆောင်ရွက် နေကြတဲ့ အတွက် တချို့ သပိတ် စစ်ကြောင်းတွေ ရပ်နားသူ ရပ်နား၊ တချို့လည်း မြစ်ဝ ကျွန်းပေါ် မြို့ရွာ တွေမှာ လှည့်လည် ရှင်းပြ တာတွေ လုပ်နေပါတယ်။

မန္တလေးက ထွက်လာတဲ့ ပင်မ သပိတ်စစ်ကြောင်းကတော့ တောင်းဆို ချက် တွေကို အစိုးရ နဲ့ မူ အရ သဘော တူညီမှု တွေ ရပြီးနောက် လွှတ်တော်က ဥပဒေ အတည်ပြု သမ္မတ လက်မှတ်ထိုးပြီး တဲ့ အထိ ချီတက်မှုတွေ ဆက်လုပ် သွားမယ်လို့ သပိတ် ဦးဆောင် အဖွဲ့ဝင် ကိုမင်းသွေးသစ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ