အထည်​ချုပ်စက်​ရုံ သပိတ်​သမား​တွေ​နဲ့ အာဏာပိုင်​တွေ ဆွေးနွေး​ပွဲ ပျက်

garment_burma
Image caption အာဆီယံ စံနှုန်းတွေ နဲ့ အညီ အခြေခံ လစာ ရရှိနိုင် ဖို့ အထည်ချုပ် အလုပ်သမားတွေ တောင်းဆို။

ရွှေပြည်သာ အထည်ချူပ် စက်ရုံတွေ က အခြေခံ လုပ်ခ လစာ တိုးမြှင့်ရေး ဆန္ဒပြနေကြ တဲ့ အလုပ်သမား တွေ ကို အစိုးရ ထွေအုပ် ရုံးကနေ အလုပ်ရှင်နဲ့ အကြား ဆွေးနွေး ညှိနှိုင်း ပေးဖို့ တနင်္ဂနွေ နေ့ က ခေါ်ယူ တွေ့ဆုံ ခဲ့ပေမယ့် ဆွေးနွေး ပွဲ ပျက် ခဲ့ပါ တယ်။

ဖမ်းဆီး ခံထားရ တဲ့ သပိတ်မှောက် အလုပ် သမားတွေ ကို ပြန်လွှတ် ပေးဖို့ အာဏာပိုင် တွေ ဘက်က တာဝန် မခံ နိုင်တဲ့ အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ ရတယ် ဆိုပြီး ကိုယ်တိုင် သွားရောက် တွေ့ဆုံသူ တွေ ထဲ ပါဝင် တဲ့ အလုပ်သမား သပိတ် စခန်း ကော်မတီ ဝင် မမြသက်သူ က ဘီဘီစီ ကို ပြောပါတယ်။

အလုပ်သမား တွေ အနေနဲ့ အာဆီယံ စံနှုန်းတွေ နဲ့ အညီ အခြေခံ လစာ ရရှိနိုင် ဖို့ နဲ့ အခုလို သပိတ်မှောက် သူတွေ ကို အရေးမယူ ဖို့ အခြေခံ မူတွေ ချမှတ်ထားတဲ့ အတွက် ဆက်လက် မဆွေးနွေးပဲ ပြန်ခဲ့ရတာ လို့ မမြသက်သူ က ဆိုပါတယ်။

အလုပ်သမား သပိတ်စခန်း ခေါင်းဆောင် တွေ ကို ဆူပူအောင် လှုံ့ဆော် မှု နဲ့ အရေးယူထား ကြောင်း အစိုးရ က ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ