အကျဉ်းသားတွေပါတဲ့ ကားတန်း ပစ်ခတ်ခံရ

kokang ဓာတ်ပုံ မူပိုင် epa
Image caption ကြက်ခြေနီ ယာဉ်တန်းတွေ တိုက်ခိုက်ခံခဲ့ရ

လောက်ကိုင် ကနေ လားရှိုး ပြောင်းဖို့ အကျဉ်းသား တွေ ပါတဲ့ ကားတန်း ကို အရင် ကြက်ခြေနီ ယာဉ် တွေ ပစ်ခတ် ခံရတဲ့ လောက်ကိုင် နဲ့ ချင်းရွှေဟော် ကြား လုံထန် အရပ် မှာ မနေ့ ညနေ ၂နာရီ ၁၅ မိနစ် လောက် က လက်နက်ကိုင် လူတစု က ထပ်ပစ် ခံရပါတယ်။

အပစ်ခံ ရတဲ့ အချိန် မှာ ကားဆရာ က အတင်း မောင်းထွက် တာကြောင့် ကားတိမ်းမှောက် ပြီး အကျဉ်းသူ ၄၅ ယောက်၊ ယာဉ်မောင်း စစ်သား နဲ့ အကျဉ်း ဦးစီး ဝန်ထမ်း အမျိုးသမီး ၃ ယောက် ထိခိုက် ဒဏ်ရာရ ခဲ့ပါတယ်။

ဒီလူနာ တွေ အစိုးရ အုပ်ချုပ် တဲ့ ကွမ်းလုံမြို့ က ဆေးရုံကို ရောက်နေပြီ ဖြစ်ပါတယ်။

ဒဏ်ရာ ရတဲ့သူတွေ ကို သွေးက အစ အဆင်သင့် ဖြစ်အောင် ကုသ ပေးနေတယ်လို့ ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ က ပြောပါတယ်။

ကွမ်းလုံမှာ ရောက်ရှိ ခိုလှုံနေတဲ့ ဒုက္ခသည် ၄၅ဝဝ လောက် ကျန်သေးပြီး ဒီကနေ့ ကွမ်းလုံကို ဝင်လာသူ ၂ဝဝ ကျော် ရှိတယ် လို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွား ရာ နေရာကို မနေ့ ညနေက တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။

သိန္နီ မြို့နယ် ထဲမှာလည်း တိုက်ပွဲ တချို့ ဖြစ်ပွားခဲ့လို့ စစ်သည် အင်အား ဖြည့်တင်း ထားတယ် လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ