သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွေ ဆက်လုပ်သွားမယ်

သမ္မတ ဉီးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ ဉီးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မတ်လ ၂ရက်နေ့က နေပြည်တော်မှာ သီးခြား တွေ့ဆုံမှုဟာ တနာရီ လောက်ကြာပြီး ဖွဲ့စည်းပုံ ပြင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အကြောင်းအရာ နှစ်ခုကိုအခြေခံ ဆွေးနွေး ခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးရဲထွဋ်က ပြောပါတယ်။

ဒီခေါင်းစဉ်နှစ်ခုကို သတင်း ထုတ်ပြန်ဖို့ ခေါင်းဆောင် နှစ်ယောက်ကပြောပြီး အဲဒီအောက်မှာ အကြောင်းအရာ အများကြီး ပါနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီအကြောင်း အရာနှစ်ခုကို ဆက်လက် ဆွေးနွေးရမယ့် ခေါင်းစဉ်အဖြစ် သဘောတူ လက်ခံ လိုက်သလားလို့ ဘီဘီစီက မေးရာမှာတော့ အသေးစိပ်ကို အခြေခံအားဖြင့်သိရင်တောင် ပြောလို့မရတာတွေရှိပြီး ခေါင်းဆောင်ပိုင်းတွေ့ဆုံ ဆွေးနွေး အကောင်အထည် ဖေါ်တာက ပိုကောင်းတဲ့ ရလဒ်တွေရတဲ့ သာဓကတွေ ရှိတယ်လို့ ပြောပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အဓိက ပါဝင်ကြတဲ့သူတွေ အနေနဲ့ ရှေ့ရှောက် ဆက်ဆွေးနွေး စရာတွေရှိပြီး ဘယ်လိုပုံစံမျိုးနဲ့ ပြောဆိုဆွေးနွေးကြမယ်ဆိုတာကို အသေးစိပ် မပြောနိုင်ကြောင်း အရင်ဆွေးနွေးပွဲတွေမှာလည်း ပွင့်လင်း မြင်သာမှုရှိပြီး အမြင်ချင်း ဖလှယ်နိုင်ခဲ့ကြကြောင်း ဉီးရဲထွဋ်က ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ