KIO ကိုယ်စားလှယ်တွေ နေပြည်တော်ရောက်

kio
Image caption KIO ကိုယ်စားလှယ် တွေနဲ့ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း တွေ့ဆုံ

နေပြည်တော်မှာ ရောက်နေတဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ကိုယ်စားလှယ် တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တို့ တနင်္ဂနွေ နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒါဟာ KIO ရဲ့ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ တွေကနေ အထက် အဆင့် နားလည်မှုတွေ ယူပြီး အောက်ခြေမှာ ဖြစ်ပွားနေတဲ့ ပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့် ထားတယ်လို့ အဲဒီ ဆွေးနွေးပွဲတက်ခဲ့တဲ့ PCG ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။

KIO ဘက်က တနိုင်ငံလုံး အပစ်ရပ်စဲရေး ချုပ်ဆိုနိုင်ဖို့ လိုလားကြောင်း ဒုသမ္မတနဲ့ တွေ့ဆုံပွဲမှာ ပြောကြား ခဲ့ပါတယ်။

အစိုးရ ဘက်ကလည်း နှစ် ၆ဝ ပြည်တွင်းစစ် ရပ်စဲရေး သူတို့ လက်ထက်မှာ ဖြစ်ထွန်းဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။

ကချင် ဗိုလ်သင်တန်းကျောင်း ပစ်ခတ် ခံရမှု အပါအဝင် ကချင် ပြည်နယ်နဲ့ အစိုးရနဲ့ KIO ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တိုက်ပွဲ တွေ ကိစ္စ ကိုလည်း အဖွင့် သဘော ပြောကြား ခဲ့ကြတယ် လို့ သိရပါတယ်။

တနင်္လာ နေ့မှာ တော့ KIO ကိုယ်စားလှယ် တွေနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ