ကေအိုင်အို နဲ့ သမ္မတ၊ ကာချုပ်တို့ ပထမဆုံး တွေ့ဆုံ

ဓာတ်ပုံ မူပိုင် thetlwinoo
Image caption ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ညနေ ပိုင်းမှာ တွေ့ဆုံ ခဲ့

KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ဦးဆောင်တဲ့ KIO ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် အဖွဲ့ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တနင်္လာ နေ့မှာ တွေ့ဆုံခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် နဲ့ လယ်တော အိမ်မှာ တွေ့ခဲ့ ကြသလို ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နဲ့တော့ ညနေ ပိုင်းမှာ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဇွန်လ မှာ "ကချင် ပဋိပက္ခ" တကျော့ပြန် ဖြစ်ပြီး၊ (၄) နှစ် နီးပါး အတွင်း၊ KIO အနေနဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ တာလည်း ဖြစ်ပါတယ်။

အခုလို တွေ့ဆုံ မှုဟာ အင်မတန်မှ အဓိပ္ပါယ် ရှိတယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒါပေမယ့် ကိုးကန့် ကိစ္စနဲ့ တော့ တိုက်ရိုက် သက်ဆိုင်မှု မရှိ နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာ့ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးတွေ ရေးသား နေသူ ဒေါက်တာ ရန်မျိုးသိမ်း ကတော့၊ အစိုးရ အနေနဲ့ လတ်တလော ကြုံတွေ့ နေရတဲ့ နိုင်ငံရေး အကျပ် အတည်း တွေကို လျော့အောင် ပုံဖေါ်တဲ့ ခြေလှမ်း ဖြစ်ကြောင်း သုံးသပ် ပါတယ်။

ဒါပေမယ့် နိုင်ငံရေး အရ အဖြေ မရှာ နိုင်သ၍ ပြည်တွင်း ငြိမ်းချမ်းရေး အစစ် အမှန် မရနိုင် ဘူးလို့လည်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

အင်္ဂါနေ့ မနက် ၁၁ နာရီ မှာတော့ ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ ငြိမ်းချမ်းရေး စင်တာ မှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး အတွက် ၇ ကြိမ်မြောက် တွေ့ဆုံ ကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ