ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူတွေကို NLD ပါတီဝင် အဖြစ်က ထုတ်ပယ်မယ်။

ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းစာရှင်းလင်း ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းစာရှင်းလင်း

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေကို ပြင်ဆင်လိုက်တဲ့အခါ နိုင်ငံသား အဖြစ်အသိမှတ်ပြု ခံရသူတွေကိုသာ ပါတီဝင် အဖြစ်သတ်မှတ်နိုင်လို့ White Card လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို ပါတီက ထုတ်ပယ်တာ ဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဉီးထွန်းထွန်းဟိန်က ပြောပါတယ်။

အရင်ဥပဒေ အရဆိုရင် နိုင်ငံသားပြုခွင့်ရသူ ဧည့်နိုင်ငံသားစတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတီဝင်ခွင့် ရကြောင်း အခုအခါ ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက် ရတာဖြစ်ကြောင်း ဒီလိုဆောင်ရွက်တဲ့အတွက် ယာယီလက်မှတ် ကိုင်ဆောင်သူတွေ အတွက်ရော ပါတီအတွက်ပါနစ်နာ ဆုံးရှုံးမှုတွေရှိတယ်လို့ သူကပြောပါတယ်။

လက်ရှိ ပါတီက ထုတ်ပယ်ခံရမယ့် သူပေါင်း ၅၀၀၀ခန့်ရှိမယ်လို့ သိရပါတယ်။ သူတို့ကို အခုအခါ ပါတီရဲ့မိတ်ဆွေ အင်အားစု အဖြစ်သတ်မှတ်မှာ ဖြစ်ကြောင်းလည်း ဉီးထွန်းထွန်းဟိန်က ပြောပါတယ်။

အခုလို ဆန္ဒမဲပေးခွင့် ဆုံးရှုံးရမယ့် ပါတီကို ထောက်ခံသူတွေ အတွက် NLD ပါတီဘက်က ဘယ်လိုဆောင်ရွက် ပေးနိုင်မလဲ ဆိုတဲ့ကိစ္စမှာ လွတ်လပ်ရေး ရကတည်းက နိုင်ငံသား ဥပဒေတွေနဲ့ လက်ရှိ နိုင်ငံသား ဥပဒေတွေအရ ဘယ်သူက တိုင်းရင်းသား ဘယ်သူက နိုင်ငံသားဆိုတာ မူတခု ပြတ်ပြတ်သားသား ချမှတ်နိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ဉီးထွန်းထွန်းဟိန်က ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ