တ​နိုင်ငံ​လုံး​အပစ်​ရပ် သဘောတူ​တဲ့​အခါ ဘယ်​သူ​တွေ လက်မှတ်​ထိုးမှာလဲ

_ncct
Image caption လက်နက်ဖြုတ်ရေး၊ တပ်စုဖွဲ့မှု ဖျက်ရေး နဲ့ ပုံမှန် လူ့ အသိုင်းအဝိုင်း ထဲ ပြန်လည် ဝင်ရောက် ရေး ကိစ္စ တွေ ကတော့ အပစ်ရပ် သဘောတူ မှု ရပြီး နိုင်ငံရေး ဆွေးနွေး ကြတဲ့ အခါမှ ထည့်သွင်း ဆွေးနွေး မှာ ဖြစ်တယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ချုပ်ဆို နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ NCCT နဲ့ အစိုးရ ကိုယ်စားလှယ် UPWC တို့ ဒီကနေ့ မှာလည်း ၆ ရက် မြောက် အဖြစ် ဆွေးနွေး ကြဖို့ ရှိပါတယ်။

မနေ့က သဘောတူ နိုင်ခဲ့တဲ့ အချက် တွေ ထဲမှာ အပစ်ရပ် စာချုပ် ချုပ်ဆိုပြီးခဲ့ရင် သဘောတူမှု တွေ ကို ၂ ဘက် ထိန်းသိမ်း နိုင်အောင် လက်မှတ် ရေးထိုးသူ တွေ ပါဝင်တဲ့ စောင့်ကြည့် အကဲခတ်ရေး ကော်မတီ ဖွဲ့စည်း ဖို့နဲ့ ၊ တခါ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပရေး အတွက် ကော်မတီ တစ်ရပ်လည်း ဖွဲ့ကြဖို့ သဘောတူ ခဲ့ကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင် နေကြတဲ့ အဖွဲ့တွေ အနေနဲ့ လက်နက်ဖြုတ်ရေး၊ တပ်စုဖွဲ့မှု ဖျက်ရေး နဲ့ ပုံမှန် လူ့ အသိုင်းအဝိုင်း ထဲ ပြန်လည် ဝင်ရောက် ရေး ကိစ္စ တွေ ကတော့ အပစ်ရပ် သဘောတူ မှု ရပြီး နိုင်ငံရေး ဆွေးနွေး ကြတဲ့ အခါမှ ထည့်သွင်း ဆွေးနွေး မှာ ဖြစ်တယ် လို့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အပစ်ရပ် သဘောတူမှု စာချုပ် ရဲ့ ဆွေးနွေး ဖို့ ကျန် နေသေးတဲ့ အပိုင်း တွေ ထဲမှာ စာချုပ် ကို လက်မှတ် ရေးထိုးကြတဲ့ အခါ ဘယ် လက်နက်ကိုင် အဖွဲ့တွေ နဲ့ အစိုးရ ဘက်က ဘယ်သူတွေ ရေးထိုးမလဲ ဆိုတာ အပါအဝင် နိုင်ငံတကာ သက်သေတွေ လေ့လာသူ တွေ ဘယ်သူတွေ ပါဝင် ရေးထိုးကြမလဲ ဆိုတာ တွေ ဆွေးနွေးကြဖို့ ရှိကြောင်း လည်း ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ် သဘောတူ နိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေ လျှော့ချ နိုင်ခဲ့ရင် တည်ငြိမ်မှု တွေ ရရှိလာ နိုင်တဲ့ အတွက် ရွေးကောက်ပွဲ ကလည်း ဒီမိုကရေစီ နည်းကျကျ ကျင်းပနိုင်ဖို့ ပိုမို အခွင့်အလမ်း ရှိနိုင်တယ် ဆိုပြီး တော့လည်း ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ