မြန်မာ​နိုင်ငံ​ဆိုင်​ရာ ဆုံးဖြတ်ချက် ကု​လ လူ့​အခွင့်​အရေး​ကောင်​စီ ဆုံးဖြတ်

un_human_rights_council_ ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ ၂၈ ကြိမ်မြောက် အဟစည်းအဝေး ဆုံးဖြတ်ချက် ကို မြန်မာ အစိုးရ က တုန့်ပြန် ဝေဖန်။

ဂျီနီဗာ မှာ မနေ့က ကျင်းပခဲ့တဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး မှာ မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ အခြေအနေ တွေ နဲ့ ပတ်သက် ပြီး ဥရောပ သမဂ္ဂ အီးယူ ကနေ တင်သွင်း တဲ့ အစီရင်ခံစာ ကို ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အဲဒီ့ ဆုံးဖြတ်ချက် အရ မြန်မာ နိုင်ငံ အတွက် ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် သက်တမ်း ကို တစ် နှစ် တိုးမြှင့် လိုက်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နဲ့ ရွေးကောက်ပွဲ ကာလ တွေ မှာ မြန်မာ နိုင်ငံ အတွက် လိုအပ် တဲ့ အကူအညီ တွေ ပေး နိုင်ဖို့ နဲ့ အထူး ကိုယ်စားလှယ် ရဲ့ အကြံပြု ချက် တွေ ကို ဆက်လက် ကြားနာ သွားမယ် လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံ မှာ တိုးတက် ဖြစ်ထွန်း နေတဲ့ အမျိုးသားရေး အခြေခံ ဘာသာရေး သည်းမခံ မှု တွေ နဲ့ လူနည်းစု တွေ အပေါ် ခွဲခြား ဆက်ဆံ မှု တွေ အတွက် လည်း စိုးရိမ် ကြောင်း ဖော်ပြထား ပါတယ်။

ဝှိုက်ကတ် လို့ ခေါ် တဲ့ သက်သေခံ ကတ်ပြား တွေ ရဲ့ သက်တမ်း ကုန် ဆုံး မယ့် ရက် ကို မြန်မာ အစိုးရ က ကြေညာ ခဲ့တဲ့ အတွက် အဲဒီ့ ကတ်ပြား အမျိုးအစား ကိုင်ဆောင် ထား ကြတဲ့ ရိုဟင်ဂျာ မျိုး နွယ်စု ဝင် တွေ လို လူတွေ ရဲ့ မဲပေး ပိုင်ခွင့် လို အခွင့်အရေး တွေ အငြင်းပယ် ခံလာရ မယ့် အဖြစ် မျိုး အတွက် လည်း အထူး စိုးရိမ် ကြောင်း ပါဝင် ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ တပြည်လုံး အပစ်ရပ် စာချုပ် ချုပ်ပြီး အားလုံးပါဝင် တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲ တွေ ပြုလုပ်ကာ နိုင်ငံရေး အရ အဖြေရှာ ဖို့ ကိုလည်း အဲဒီ့ ကုလ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် က တိုက်တွန်း ထားပါတယ်။

အဲဒီ့ ဆုံးဖြတ်ချက် ဟာ မြန်မာ နိုင်ငံ မှာ ပြည်သူ တွေ လူ့အခွင့်အရေး တိုးမြှင့် ခံစား နိုင် ရန် လုပ်ဆောင် နေတာ တွေ နဲ့ ရလာဒ် တွေ အပေါ် ဓမ္မဓိဌာန် ကျကျ သုံးသပ်မှု မျိုး အားနည်းပြီး တချို့ အချက် အလက် တွေဟာ အချုပ်အချာ အာဏာ နဲ့ ပြည်တွင်းရေး ကို စွက် ဖက်ရာ ရောက် တယ် ဆိုပြီး မြန်မာ အာဏာပိုင် တွေ က တုန့်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ