တပ်မတော်က ကန့်ကွက်တဲ့ ကာတွန်း ကိစ္စ မြန်မာတိုင်းမ် တုံ့ပြန်

ဓာတ်ပုံ မူပိုင် mmtime
Image caption ''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်း နေပြီတဲ့'' ''လယ်မြေတွေ သိမ်းလို့ အားမ ရသေးဘူးနဲ့ တူပါရဲ့''

မြန်မာတိုင်းမ် ဂျာနယ် ၂၅-၃၁ မတ်လ ၂၀၁၅ တွင် ပါရှိတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်က လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း တနင်္လာနေ့က ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ သရော်စာ ကာတွန်း တခုကို တပ်မတော်က ကန့်ကွက်ကြောင်း အစိုးရ သတင်းစာ တွေမှာ ဖေါ်ပြ ပါရှိ ခဲ့ပြီး နောက် မြန်မာတိုင်းမ် ကအခုလို ထုတ်ပြန် တာ ဖြစ်ပါတယ်။

ကာတွန်း ကတော့ ''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်းနေပြီတဲ့'' လို့ တယောက်က ပြောတာကို နောက် တယောက်က ''လယ်မြေတွေ သိမ်းလို့ အားမရသေးဘူးနဲ့ တူပါရဲ့'' ဆိုပြီး ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

တပ်မတော် ဘက်တော့ ဒါကို လောက်ကိုင် မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေကို ရည်ရွယ် ရေးဆွဲ တယ် ဆိုပြီး ကန့်ကွက် ကြောင်း ဖေါ်ပြ ခဲ့တာ ဖြစ်ပါတယ်။

မြန်မာတိုင်းမ် အယ်ဒီတာချုပ် ဦးသီဟစော ကတော့ ဒီကာတွန်းဟာ တပ်မတော် ဘက်က ထင်သလို မဟုတ်ပါဘူး လို့ ပြောပါတယ်။

အခုလို စစ်တပ်ကနေ သတင်းစာ က တဆင့် ဖေါ်ပြ ကန့်ကွက် တာဟာ ဒါပထမဆုံး အကြိမ် ဖြစ်တယ်လို့လည်း ဦးသီဟစောက ပြောပါတယ်။

ရေးတဲ့ သူက ရည်ရွယ်ချက် တမျိုး ဖြစ်ပြီး၊ ဖတ်ရှု သူက တမျိုး နားလည် မှုတွေ မဖြစ်အောင် နောင်ကို သတိထား ဖေါ်ပြ သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။