၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဧပြီ ၁၀ ရက် စမယ်

Image caption ဒေါ်စုရဲ့ ရိုက်စ်တာ သတင်းဌာနကို ပြောကြားချက် ကလည်း တွန်းအား တခု ဖြစ်နိုင်

၆ ပွင့်ဆိုင် ဆွေးနွေး ပွဲ ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဆွေးနွေး မယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက တနင်္လာနေ့ က ပြောကြားလိုက် ပါတယ်။

သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦးနဲ့ လွှတ်တော်က ရွေးချယ် ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တို့ ပါဝင်မယ့် ဒီ ၆ ပွင့်ဆိုင် ဆွေးနွေး ပွဲမှာ အခြေခံ ဥပဒေ ပြင်ဆင် ရေးကို အဓိက ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ကနေ အခြေခံ ဥပဒေကို မပြင်နိုင်ဘူး ဆိုရင် ရွေးကောက်ပွဲ ကို သပိတ် မှောက်ကောင်း မှောက်နိုင် တယ်လို့ ရိုက်တာ သတင်း ဌာနကို ပြောကြားပြီး နောက် အခုလို ဆွေးနွေး ဖြစ်ဖို့ မြန်ဆန် လာတာ ဖြစ်နိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပါတီ ဥက္ကဌ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

ပါဝင်ဆွေးနွေး မယ့်သူတွေ ကြားမှာ လောလော ဆယ် အကြို ညှိနှိုင်း ဒါမျိုး မရှိ သေးသလို၊ ဆွေးနွေး မယ့် မူဘောင် တွေလည်း မရှိသေး ပေမယ့် ဆွေးနွေး မယ့် အစီ အစဉ် ကတော့ သမ္မတနဲ့ လွှတ်တော် ဥက္ကဌ တို့ အကြား ရှိနှင့် ပြီးသား ဖြစ်လိမ့် မယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီဆွေးနွေး ပွဲကနေ ဒီမိုကရေစီ စနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေး ချမှတ် နိုင်ဖို့ တို့ကို အဓိက မျှော်လင့် တယ်လို့ လည်း ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။