၆ ပွင့် မတိုင်ခင် ၄၈ ပွင့် ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် AP
Image caption အရင် တွေ့ဆုံ ပွဲတွေလို တွေ့ရုံ သက်သက် ဆိုရင် တော့ တိုင်းပြည်နဲ့ ပြည်သူတွေ မျှော်လင့် သလို ဖြစ် မလာနိုင်

သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်နဲ့ ဒေါ်အောင်ဆန်း စုကြည် အပါ အဝင် နိုင်ငံရေး ပါတီ တွေက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ ပါဝင်တဲ့ ၄၈ ယောက် ဆွေးနွေး ပွဲကို သမ္မတ အိမ်တော်မှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

တွေ့ဆုံ ရုံ စကား ပြောရုံတင် မဟုတ်ဘဲ၊ လက်ရှိ နိုင်ငံရေး ပြဿနာ တွေကို ဖြေရှင်းဖို့နဲ့ သဘောတူညီချက် တွေချ မှတ်ဖို့ လိုအပ်တယ် လို့ဆွေးနွေးပွဲ တက်ရောက် မယ့် ရခိုင် အမျိုးသား ပါတီက ဦးအေးသာအောင်က ဘီဘီစီ ကို ပြောပါတယ်။

အရင်တွေ့ဆုံ ပွဲတွေလို တွေ့ရုံ သက်သက် ဆိုရင်တော့ တိုင်းပြည်နဲ့ ပြည်သူတွေ မျှော်လင့် သလို ဖြစ် မလာနိုင် ဘူးလို့ ဦးအေးသာအောင်က ပြောပါတယ်။

သူ့ အနေနဲ့လည်း ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အကြောင်းတွေကို ဆွေးနွေး မယ်လို့ ဆိုပါတယ်။

၄၈ ပွင့် ဆွေးနွေးပွဲ ပြီးတဲ့နောက် လာမယ့် ၁၀ ရက်နေ့မှာတော့ ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ ရှိနေပါတယ်။