ပညာရေးဥပဒေမူကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

Boycott students were arrested in Letpadan ဓာတ်ပုံ မူပိုင် Getty
Image caption လက်ပံတန်းမြို့မှာ သပိတ် ကျောင်းသားတွေကို ဖြိုခွဲ ဖမ်းဆီးခဲ့

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဧပြီလ ၇ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ လွှတ်တော် အမတ်တချို့က ပြင်ဆင်ချက်တွေ တင်ပြ ဆွေးနွေး ပြီး အတည်ပြုလိုက်ကြ ပါတယ်။

အခု အတည်ပြုလိုက်တဲ့ အချက်တွေကို အားရ ကျေနပ်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျောင်းသား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့်နဲ့ ပညာရေး အသုံး စရိတ်ကို ၅ နှစ် အတွင်းမှာ နိုင်ငံတော် အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်း အထိ သုံးစွဲဖို့ သဘောတူလိုက်ကြတာက အမြတ် ထွက်ပါတယ်လို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့သူ တစ်ယောက် ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ၊ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောပါတယ်။

သူ့အနေနဲ့ ကျောင်းသား သမဂ္ဂ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ ကျောင်းသား သမဂ္ဂ ရဲ့ အခန်း ကဏ္ဍကို အကာအကွယ် ပေးရေး ကိစ္စ၊ ပညာရေး အသုံး စရိတ် ကိစ္စ တို့ကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ကျန်သူ အများက ကန့်ကွက်ခဲ့ကြ တာဟာ နိုင်ငံရပ်ခြားက တက္ကသိုလ်တွေမှာ ကျောင်းသား သမဂ္ဂ ဆိုတာ မရှိလို့ ဆိုတဲ့ သဘောလို့ နားလည်ကြောင်းလည်း ဦးသိန်းညွန့်က ပြောပါတယ်။

အမျိုးသား လွှတ်တော်မှာ ပြင်ဆင်ထားပြီးသား အပိုဒ်တစ်ပိုဒ်ကို လက်ခံလိုက်ကြတဲ့ သဘောလို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

အခု အတည်ပြုလိုက်တဲ့ ပြင်ဆင်ချက် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ တင်ပြပြီး သဘောတူညီချက် ရယူမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ