တပ်မတော်နဲ့ ကေအိုင်အေကြား ဆွေးနွေး

kia ဓာတ်ပုံ မူပိုင် thetlwinoo
Image caption နေပြည်တော် ထိ ကေအိုင်အေ ခေါင်းဆောင်တွေ ညှိနှိုင်း

တပ်မတော်နဲ့ ကေအိုင်အေကြား ပဋိပက္ခ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ဖို့ မြစ်ကြီးနား မြို့မှာ ဧပြီလ ၆ ရက် နေ့က ညှိနှိုင်း ဆွေးနွေး ခဲ့ကြပါတယ်။

ဒါဟာ နိုဝင်ဘာလက လိုင်ဇာ စစ်ကျောင်း ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ အပြီး ၆ လ ကြာ ရပ်ဆိုင်း နေခဲ့တဲ့ ပြည်နယ် အဆင့် ဆွေးနွေးပွဲတွေ ပြန်စတာ ဖြစ်ပါတယ်။

အရင် ဆွေးနွေးပွဲ တွေမှာ ပဋိပက္ခ ဖြစ်ပြီးမှ ဆွေးနွေးကြ ပေမယ့် ဒီတခါတော့ မဖြစ်အောင် တပ်တွေကြား ကြိုတင် ညှိနှိုင်း ဆက်သွယ် ကြဖို့ ဆွေးနွေးခဲ့တယ် လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ က ဦးစန်းအောင်က ပြောပါတယ်။

အောက်ခြေ အဆင့်မှာ ညှိနှိုင်း ဆောင်ရွက် ဖို့ လွယ်ပေမယ့် လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှု တွေက ပြည်နယ် အဆင့် အထက် က လာတဲ့ အမိန့်တွေနဲ့ ဆောင်ရွက်တာမို့ ဖြစ်လာရင် ဖြေရှင်းရ ခက်တယ် လို့ သိရပါတယ်။

နေပြည်တော် ထိ ကေအိုင်အေ ခေါင်းဆောင် တွေ သွားရောက် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးနောက် ခုလို ဆွေးနွေးပွဲ တွေ ပြန်ဖြစ် လာပြီး လစဉ် ဆက်လုပ်ဖို့ သဘောတူ ခဲ့ပါတယ်။

သစ်တင်တဲ့ ကားတွေ ကိစ္စ အစိုးရနဲ့ ကေအိုင်အေ ကြား တိုက်ပွဲတွေ ဖြစ်နေတာ ကိုလည်း ကေအိုင်အေ က အစိုးရ ဂိတ်တွေ က လွှတ်လိုက်ပြီးမှ အစိုးရ တပ်တွေက အကြောင်းရှာ တိုက်ခိုက်တယ် လို့ ယူဆ နေကြတဲ့ အတွက် သစ်ခိုးမှု တွေ တကယ် ပပျောက် အောင် ညှိနှိုင်း ချင်ရင် တော့ အဆင်ပြေ နိုင်တယ် လို့လည်း ဦးစန်းအောင် က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ