မူဆယ်က မြဝတီဘဏ် ပစ်ခတ်ခံရ

ဓာတ်ပုံ မူပိုင် Google Map

တရုတ် မြန်မာ နယ်စပ် မြန်မာ ဘက်ခြမ်းက မူဆယ် မြို့မှာ ရှိတဲ့ မြဝတီ ဘဏ်ကို လက်နက်ကိုင် လူတစု ကနေ စနေနေ့ မနက် အစောပိုင်းမှာ လက်နက်ငယ် တွေနဲ့ အချက်ပေါင်း များစွာ ပစ်ခတ် သွားခဲ့ ပါတယ်။

ဘယ်အဖွဲ့ အစည်းက ဆိုတာ မသိရ သေးပဲ ၊ ပေ ၁၀၀ အကွာ လောက်က ၄၄ ချက် ပစ်ခတ် သွားတာ ဖြစ်တယ်လို့ ဒေသခံ တဦး ဘီဘီစီကို ပြောပါတယ်။

လူတွေ ထိခိုက်မှု မရှိပဲ အဆောက် အဦး အနည်းငယ် ပျက်ဆီး မှု ဖြစ်သွား ခဲ့ပါတယ်။

လက်နက်ကိုင် တွေဟာ ပစ်ပြီး တာနဲ့ အနီးက ရွာထဲကို ဝင်ပြေး သွားခဲ့ကြ တယ်လို့ ဆိုပါတယ်။ အာဏာပိုင် တွေဟာ အခုအခါ မြို့ အဝင် အထွက် တွေကို ပိတ်ဆို့ စစ်ဆေး နေကြ ပြီလို့ သိရပါတယ်။

ဒေသခံတွေ ကတော့ အခုလို ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အပေါ် အနည်းငယ် စိုးရိမ် တုန်လှုပ် မှုတွေ ဖြစ်နေကြ ပါတယ်။