ပန်ဆန်း တိုင်းရင်းသား အစည်းအဝေး စတင်

kokang ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့်၊ ရခိုင်၊ ပလောင် အဖွဲ့တွေ ပါတက်ရောက်

တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်နိုင်တဲ့ အထိ ရည်မှန်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၂ အဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေး ကို UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်း မှာ စတင် ကျင်းပ နေပါတယ်။

မေလ ၆ ရက်ထိ ကျင်းပ သွားမယ့် ဒီ ဆွေးနွေးပွဲမှာ တိုက်ပွဲ ဖြစ်နေပြီး ဒီဆွေးနွေးပွဲ မဖိတ်ဖို့ အစိုးရက တားမြစ် ခဲ့တဲ့ ကိုးကန့်၊ ရခိုင်၊ ပလောင် အဖွဲ့တွေ အပါအဝင် တိုင်းရင်းသား တွေရဲ့ NCCT အစိုးရနဲ့ အပစ်ရပ် ရေး ညှိနှိုင်း ဆောင်ရွက် ရေး အဖွဲ့ဝင် တွေနဲ့ ဝ၊ မိုင်းလား၊ RCSS ရှမ်း တောင်ပိုင်း အဖွဲ့တို့ ပါတယ် လို့ သိရ ပါတယ်။

အဖွဲ့ ၆ ဖွဲ့က ဥက္ကဋ္ဌတွေ ကိုယ်တိုင် တက်လာ ပြီး အဖွဲ့အစည်း တွေက ခေါင်းဆောင် ၆ဝ ကျော် တက်တာ မို့ အရေးကြီး တဲ့ အစည်းအဝေး လို့ ခန့်မှန်း နေကြပါတယ်။

တရုတ် နိုင်ငံ ယူနန် ပြည်နယ် က သတင်း မီဒီယာ တွေနဲ့ ပညာရှင်တွေ လည်း တက်ရောက် နားဆင် ကြပါတယ်။

ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်း မှာ ဝ ကို ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ပြည်နယ် သတ်မှတ် ပေးဖို့ အစိုးရဆီ တင်ပြ ထားတာ ကို ဆွေးနွေးပွဲ တက်လာတဲ့ ခေါင်းဆောင် တွေက ထောက်ခံပေးဖို့နဲ့ စစ်ပွဲတွေ မရပ်စဲ နိုင်ရင် တနိုင်ငံလုံး အပစ်ရပ် စာချုပ် ဟာ စက္ကူ ပေါ်မှာပဲ ရှိနေမယ် လို့ ဝ ပြည်နယ် သွေးစည်း ညီညွတ်ရေး တပ်မတော် စစ်သေနာပတိ ချုပ် ဦးပေါက်ယိုချမ်း က ပြောကြား သွား ပါတယ်။

ပထမနေ့မှာ ဝ၊ KIO ၊ KNU စတဲ့ အဖွဲ့ ၇ ဖွဲ့က ငြိမ်းချမ်းရေးနဲ့ လက်ရှိ အခြေအနေ တွေကို ဆွေးနွေး ခဲ့ကြပြီး နောက်ရက် တွေမှာ တခြား အဖွဲ့တွေက ဆက်လက် ဆွေးနွေး တင်ပြ သွားကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ