ကချင် ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေ

kio ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ နယ်မြေ ဝင်ရောက်လာလို့ စစ်ပွဲဖြစ်

ကချင် ပြည်နယ် နမ့်လင်းပါ ဒေသ မှာ အစိုးရတပ်နဲ့ KIA ကြား သစ်ခုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း က တိုက်ပွဲတွေ စတင် ဖြစ်ပွား ခဲ့ပါတယ်။

မေလ ၆ ရက် က စပြီး အစိုးရ ထိုးစစ် ဆင်တာ၊ လေယာဉ်နဲ့ တိုက်ခိုက် တာ တွေ ရှိပေမယ့် နောက်ဆုံး အခြေအနေ မှာ အဝေးက ပစ်တာပဲ ရှိတယ် လို့ KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

အစိုးရ ဘက်က သစ်ထုတ်မှု တွေ ကို တားဆီး ချင်ရင် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် စတဲ့ ဒေသ တွေက သစ်တော ကြိုးဝိုင်း တွေ မှာ တင်းကျပ်စွာ တားဆီး သွားဖို့ လိုတယ် လို့ KIA ဘက်က ပြောပါတယ်။

မတ်လ တုန်းက လည်း သစ် ကိစ္စ အကြောင်းပြ ပြီး ဒီလို ဝင်တိုက် ခဲ့ဖူးတယ် လို့ သိရပါတယ်။

KIA ဘက်က သစ်ထုတ်မှု တွေကို အခွန် ကောက်တာတွေ ရှိပြီး အောက်ခြေ ဘက်က ပါဝင် ပတ်သက်မှု ရှိနိုင်တယ် လို့တော့ ဆို ပါတယ်။

အပစ်ရပ် ဆွေးနွေးပွဲ တွေမှာ နှစ်ဘက် ယုံကြည်မှု ရဖို့ ဒီလို ပစ်ခတ်မှုတွေ ကိုင်တွယ် သွားဖို့ လိုပြီး လောလောဆယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို မြစ်ကြီးနား ဆက်ဆံရေး ရုံး က တဆင့် အကြောင်းကြား ထားတယ် လို့ ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ